ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Eduardo Jose A. De Vega နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။
နေပြည်တော်၊မတ် ၁၇ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Eduardo Jose A. De Vega နှင့်အဖွဲ့အား မတ်လ (၁၇) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံ၏ နယ်စပ် ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း များကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ စုံစမ်း ဖော်ထုတ်၍ ထိထိရောက်ရောက် တားဆီးကာကွယ်တိုက်ဖျက်ဆောင်ရွက်နေမှု၊ ယင်းသို့ ဆောင်ရွက်ရာတွင် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများ ကူညီကယ်တင်ဆောင်ရွက်မှုနှင့် ယင်းတို့အနက် ဖိလစ်ပိုင်နိုင်ငံသားများအား ကူညီကယ်တင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကူညီကယ်တင်ထားသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင် ရေး လုပ်ငန်းစဉ်အလိုက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာ နိုင်ငံသို့ ဝင်ရောက်/ထွက်ခွာလျက်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသားများနှင့် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။(-)
Sorry, the comment form is closed at this time.