ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကလောခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးတို့၌ လုပ်ငန်းများဆောင်ရွက် နေမှုနှင့် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အဦနှင့် စာရွက်စာတမ်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မတ် ၂၃ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မတ်လ (၂၃) ရက်၊ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အဦများ၊ ရုံးခြံစည်းရိုးများ ပြန်လည်ပြင်ဆင်ထားရှိမှု၊ ပျက်စီးသွားသည့်ရုံးစာရွက်စာတမ်း၊ ပရိဘောဂပစ္စည်းများ ပြန်လည်ပြုပြင်ထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ရေစိုပျက်စီးသွားသည့်မှတ်တမ်းများ ပြန်လည်ဆယ်တင်ဆောင်ရွက်ထားမှု၊ နေပြည်တော်ရုံးချုပ်ရှိ e-ID Server အတွင်းရှိ နိုင်-၄ နှင့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များအား ပြန်လည်စိစစ်အတည်ပြု ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများ ကို လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့သည် မျှော်မှန်း၍မရသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများ စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် မှတ်တမ်းမှတ်ရာများအား နည်းပညာအသုံးပြုထိန်းသိမ်းနိုင်ရေးဆောင်ရွက်ရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ (-)
Sorry, the comment form is closed at this time.