ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးသွားလာခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များဖော်ပြခြင်း

ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးသွားလာခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များဖော်ပြခြင်း

၁။     ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် အောက်ဖော်ပြပါ အချက်အလက်များအား သိရှိနိုင်ပါရန် ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးမှ စာပေးပို့လာပါသည်-

(က)     ကမ္ဘောဒီးယားအစိုးရအနေဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်သည့် လိုအပ်ချက်များအား ပယ်ဖျက်ပြီးဖြစ်ပါကြောင်း၊

(ခ)     ခရီးသွားများအနေဖြင့် https://www.evisa/gov/kh တွင် E-visa လျှောက်ထားနိုင်ကြောင်း၊

(ဂ)     ခရီးသွားများအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာနယ်စပ်ဂိတ်များတွင် မရောက်ရှိမီ (သို့မဟုတ်) ရောက်ရှိချိန်တွင် e-Arrival Card ဖြည့်သွင်းနိုင်ကြောင်း၊

၂။     သို့ဖြစ်ပါ၍ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးသွားလာခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယား သံရုံးမှ ပေးပို့လာမှုအား သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။

 

Image

Sorry, the comment form is closed at this time.