National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း၊ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းညိှနှိုင်း အစည်းအဝေးတက်ရောက်၊ e-Government ဆိုသည်မှာ ထိရောက်မြန်ဆန် လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကိုဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်းပြောကြား။

National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း၊ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းညိှနှိုင်း အစည်းအဝေးတက်ရောက်၊ e-Government ဆိုသည်မှာ ထိရောက်မြန်ဆန် လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကိုဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်းပြောကြား။

နေပြည်တော်၊ အောက်တိုဘာ ၆ ။

National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

IMG_8336

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဉက္ကဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ  တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဉက္ကဌများနှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

A9RD890

          ဦးစွာ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ဉက္ကဌ နိုင်ငံ‌တော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာပေါ်တွင်  လူဦးရေ သန်း ၈၀၀၀ ခန့်ရှိပြီး စစ်တမ်းများအရ သက်သေခံကတ်မရှိသူ လူဦးရေ သန်း ၁၀၀၀ ခန့်၊ သက်သေခံကတ် ရှိပြီး ဒစ်ဂျစ်တယ် သက်သေခံကတ် မရှိသူ သန်း ၃၄၀၀ ခန့်၊ ဒစ်ဂျစ်တယ် သက်သေခံကတ်ရှိသူ လူဦးရေ သန်း ၃၆၀၀ ခန့် ရှိကြောင်းကိုတွေ့ရှိရကြောင်း။

          ကမ္ဘာ့နိုင်ငံများအနက် ဒစ်ဂျစ်တယ် သက်သေခံကတ် သုံးစွဲနိုင်မှုအနေဖြင့် ဒစ်ဂျစ်တယ် သက်သေခံ ကတ်စနစ်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နိုင်ငံ ၄၆ နိုင်ငံ၊ ဒစ်ဂျစ်တယ် သက်သေ ခံကတ်စနစ်သုံးစွဲပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်သည့် နိုင်ငံ ၁၁၉ နိုင်ငံ ၊ ဒစ်ဂျစ်တယ် သက်သေခံကတ်စနစ် မဆောင်ရွက်နိုင်သည့်နိုင်ငံ ၃၃ နိုင်ငံရှိသည်ကို လေ့လာတွေ့ရှိရကြောင်း။

          မိမိတို့နိုင်ငံတွင်လည်း Digital စနစ်ကိုကူးပြောင်းပြီး e-Government စနစ်ပိုမိုအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မေလ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၇ / ၂၀၂၂ ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၅၉ / ၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။

          National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များသည် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက် အကောင်အထည်ဖော်ရန် ကြီးကြပ် လမ်းညွှန်ခြင်း၊ e-ID စနစ်အတွက် လိုအပ်သည့်နည်းလမ်း ရရှိရန်အတွက် G to G ရရှိနိုင်ရေး ကူညီဆောင် ရွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးအရ ပြည်ပကုမ္ပဏီ၊ အဖွဲ့အစည်းများ၊ အစိုးရများမှ တိုက်ရိုက် ဝင်ရောက် လုပ်ဆောင်မှုများ ဖြစ်ပေါ်ခြင်း မရှိစေရန်ကြီးကြပ်ခြင်း၊ နည်းပညာ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်း အမြစ်ရရှိရေး ဖြည့်တင်းဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ကြောင်း။

A9RD88E

          e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို တာဝန်ခံဝန်ကြီးဌာန (Focal Ministry) အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင်၂၉ ဦးပါဝင်သည့် e-ID စနစ် လုပ်ငန်းကော်မတီကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်‌နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။

          e-ID စနစ်လုပ်ငန်းကော်မတီအောက်တွင် e-ID စနစ် အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဆပ်ကော်မတီ၊ စီမံချက် ရေးဆွဲရေး ဆပ်ကော်မတီ၊ ဉပဒေ၊ နည်းဉပဒေရေးဆွဲရေး ဆပ်ကော်မတီ၊ နည်းပညာ နှင့် တင်ဒါရေးဆွဲရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေဆိုင်ရာ ဆပ်ကော်မတီ၊ ပြန်ကြားရေးဆိုင်ရာ ဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ ခြောက်ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။

          အဆိုပါကော်မတီများအနေဖြင့် e-ID စနစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ တကာစံချိန်စံညွှန်းနှင့်အညီ Master Plan ရေးဆွဲခြင်း၊ System Architecture Design ရေးဆွဲခြင်း၊ ပြင်ပ နည်းပညာ အကြံပေး ငှားရမ်းရာတွင်လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်( ToR) ရေးဆွဲခြင်းနှင့် ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဉပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဉပဒေတို့ကို အခြေခံပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်းကို အီလက်ထရောနစ် စနစ် နှင့် ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဉပဒေများ (မူကြမ်း) ကိုလည်း ရေးဆွဲနိုင်ခဲ့ကြောင်း။

          e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် ကိုယ်ရေးအချက်အလက်များ (Biographic Data) ကောက်ယူပြီး Database အတွင်းထည့်သွင်းခြင်း၊ ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID(UID) နံပါတ်ထုတ်ပေးခြင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကတ်ပုံစံ အလွတ်များထုတ်လုပ်ခြင်း၊ ကတ်ပုံစံအလွတ်များတွင် ကိုယ်ရေးအချက် အလက်များထည့်သွင်းခြင်းနှင့် e-ID စနစ်လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲခြင်း စသည့် အဆင့် (၅) ဆင့်နှင့် အကောင်အထည်ဖော်  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

          e-ID ဟုခေါ်သည့် အီလက်ထရောနစ် နည်းပညာသုံးစနစ်ဆိုသည်မှာ နိုင်ငံအတွင်းတွင် တရားဝင် မှီတင်းနေထိုင်ကြသူအားလုံး၏ ကိုယ်ရေးအချက်အလက်များကို ခေတ်မှီနည်းပညာ ကွန်ပျူတာစနစ်ကို အသုံးပြုပြီး အစိုးရ၏ Database ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက လူတစ်ဦးချင်းစီ ၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်ရှာနိုင်ရန်အတွက်လည်း လူတစ်ဦးချင်းစီ၏ Unique Identification Number များထုတ်ပေးခြင်း၊ တစ်နည်းအားဖြင့် e-Government အောင်မြင်ရန် လစ်ဟာ နေသည့် Human Resource Database ဖြစ်ကြောင်း၊ နိုင်ငံတစ်ကာတွင် National Identification System သို့မဟုတ် Population Regstration ဟုခေါ်ဆိုကြောင်း၊  နိုင်ငံတကာ၌ e-ID စနစ်တွင် အခြေခံအားဖြင့် အနည်းဆုံး နိုင်ငံသားများကို ကာကွယ်နိုင်ရန်နှင့် အုပ်ချုပ်ရန်အတွက် Human Resource Database၊ စီးပွားရေး လုပ်ငန်းများအပေါ်   လိမ်လည်ရောင်းဝယ်မှု၊ ထိန်းချုပ်မှုတို့ကို ကာကွယ်ပေးနိုင်ရန်အတွက် Business Database၊ ရွှေ့ပြောင်းနိုင်သည့် ယာဉ်များကို ထိန်းချုပ်ရန်နှင့် ပြည်သူများ ယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် Asset Database၊ အိုးအိမ်တိုက်တာ များကဲ့သို့ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှုများကို ကာကွယ်နိုင်ရန်  Property Database ဟူ၍ ရှိပြီး ယခုသွားမည့် e-ID စနစ်တွင် မရှိမဖြစ်လိုအပ်သည့် Database များဖြစ်ပါကြောင်း။

          National Identification System တွင် နိုင်ငံသားဖြစ်ခြင်းနှင့် မဖြစ်ခြင်း မသက်ဆိုင်ဘဲနိုင်ငံအတွင်း၌ တရားဝင်နေထိုင်သည့် နိုင်ငံသား ၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား အားလုံးတို့၏ ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်ပါကြောင်း၊ နည်းစနစ်ကို မဏ္ဍိုင်ထားပြီး နိုင်ငံတော်အစိုးရအဖွဲ့အောက်တွင်ရှိသည့် ဝန်ကြီးဌာန များနှင့် အလွှာပေါင်းစုံက Database များကလည်း မှီခိုချိတ်ဆက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်ခြင်း နှင့် မဖြစ်ခြင်း၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဖြစ်ခြင်းမဖြစ်ခြင်းကို စိစစ်ရမည်မှာ e-ID Database ထဲမှ ကိုယ် ရေး အချက်အလက် များအပေါ်မူတည်ပြီး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

          ထို့ကြောင့် e-ID စနစ် အတွက် လူတစ်ဦးချင်းစီက ထင်ရှားသည့် ကိုယ်ရေးအချက်အလက် များကို ရယူရာတွင် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများ၊ နိုင်ငံခြားသား အမြဲ‌နေထိုင်ခွင့် လက်မှတ်ရရှိထားသူ PR များနှင့် ပြည်တွင်းနေ အခွန်ဆောင် နိုင်ငံခြားသားမှတ်ပုံတင် လက်မှတ်(FRC) ကိုင်ဆောင်ထားသူများ၏ Biographic Data၊ Biometric Data များကောက်ယူပြီး လူတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်များသီးခြားထုတ် ပေးကာ ယင်း Unique ID ကို မဏ္ဍိုင်ပြုပြီး ဝန်ကြီးဌာနအသီးသီးက မိမိတို့ဌာနအလိုက်ရှိနေသည့် အကောင်အထည်ဖော်မည့် Database ကို စိစစ်ပေါင်းစပ်ပြီး ဝန်ကြီးဌာနများက ပြည်သူများအ‌ပေါ် ဝန်ဆောင်မှုလုပ်ငန်းများကို လျှင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

          e-ID စနစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့်၁ အနေဖြင့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်း (နိုင်-၄) ၅၂ သန်းကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) ၁၃ သန်းကျော်တို့ ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးခဲ့ပြီး ဖြစ်ကြောင်း။

          ထိုသို့ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက် များကို စာရွက်စာတမ်းများနှင့် ထိန်းသိမ်းခဲ့သည့် အတွက် နှစ်ကာလ ကြာမြင့်မှု၊ သဘာဝ ဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အချက်အလက် မဆုံမလင်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် e-ID Database အတွင်းရှိ အချက်အလက် များ ပြည်စုံမှန်ကန်မှုရှိစေရန်အတွက် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်း များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကော်မတီများဖွဲ့၍ ယခုနှစ် ဇန်နဝါရီ ၉ ရက်မှစ၍ ၃၁ ရက်အထိ ဆောင်ရွက် ခဲ့ကြောင်း။

          လုပ်ငန်းဆောင်ရွက်မှု အဆင့် (၂) အနေဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project အနေဖြင့် စတင် ကောက်ယူခဲ့ပြီး ယခုအခါတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင် ကောက်ယူနေပြီ ဖြစ်ကြောင်း။

          မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ် သည့် အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတော်လုံခြုံရေး ၊ တရားဉပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ကို ပိုမိုလွယ်ကူစွာတည်ဆောက်နိူင်ခြင်း၊ လူဦးရေ သန်းကောင်စာရင်းကောက်ယူခြင်း လုပ်ငန်း များအတွက် အထောက်အကူပြုနိုင်ခြင်း၊ စာရွက်အခြေပြု (Paper- Based) စနစ်များလျှော့ချ နိုင်ခြင်း၊ National ID  ၏ အခြေခံလုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတကာသုံး စနစ်များဖြင့် လွယ်ကူစွာချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ် ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ်ရေးနှင့် အခြားသောဌာနဆိုင်ရာများမှဆောင်ရွက် နေသည့်လုပ်ငန်းများကို လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပြည်သူများ ရရှိမည်ဖြစ်ကြောင်း။

          e-ID စနစ်နှင့် ကောက်ယူထားရှိသည့် Data များသည် Big Data များဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုင်ရာ အချက် အလက်များ ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် National Database ဖြစ်၍ ယင်းတို့ကို လုံခြုံအောင်ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ e-ID တွင် ပါဝင်သည့် National Database အပါအဝင် ဝန်ကြီးဌာနထဲတွင် ပြုစုထိမ်းသိမ်းထားသည့် Database များသည် ပြည်သူများအပေါ် ချပြ၍ရသည့် Database ရှိသကဲ့သို့ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် လုံခြုံရေးအရ ထုတ်ဖော်ချပြ၍ မရသည့် Database များလည်း ရှိပါကြောင်း၊ ထို့ကြောင့် Cyber Security ဆိုင်ရာ လုံခြုံမှုစနစ်များ အဆင့်လိုက် ထားရှိပြီး ကွန်ယက်လုံခြုံမှု စောင့်ကြည့်စနစ် (Network Monitoring System) များထားရှိရန်နှင့် မြန်မာ နိုင်ငံ ကွန်ပျူတာ အရေးပေါ်ကွန်ယက် တုံ့ပြန်မှုစနစ် (Myanmar Computer Emergency ResponsTeam) အနေဖြင့်လည်း အင်အားထပ်မံဖြည့်ဆည်းပြီး ကွန်ယက်လုံခြုံမှုများ တိုးမြင့်လုပ်‌ဆောင်သွားရမည် ဖြစ်ကြောင်း။

          ယနေ့ Information Technology IT ခေတ်တွင် မိမိတို့နိုင်ငံ အနေဖြင့်လည်း e-Government ကို ရည်မှန်းဆောင်ရွက်လျက်ရှိ‌ကြောင်း၊ e- Government စနစ်ဆိုသည်မှာ အစိုးရအဖွဲ့ အချင်းချင်း၊ ရုံးတွင်း Network ချိတ်ဆက်ပြီး စာပေးစာယူအဆင့်ဟု ယူဆပါက မှားယွင်းမည်ဖြစ်ကြောင်း၊ e-Government ဆိုသည်မှာ ထိရောက်မြန်ဆန်လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကို ဝန်ဆောင်မှုပေးခြင်းပင် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အစိုးရဌာနတိုင်းတွင် ဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် Database များကိုလည်း ပညာရှင်များနှင့် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ Database များကိုချိတ်ဆက်ပြီး အစိုးရ ယန္တရားများ မြန်ဆန်စွာ လည်ပတ်နိုင်ရန် National Database သို့မဟုတ် နိုင်ငံတော်က အရေးကြီးသော မှတ်တမ်းများကိုကွန်ပျူတာစနစ်ဖြင့် ချိတ်ဆက်ထားခြင်းဟု အဓိပ္ပာယ် ရပါကြောင်း၊  National Database အပေါ်မူတည်ပြီး လူတစ်ဦးချင်းစီ၏ ဝန်ဆောင်မှုကိုပေးနိုင်ရန် အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို e-ID စနစ်ထဲတွင်ထည့်သွင်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များကလည်း e-ID စနစ်ထဲတွင်ရှိသည့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များမှ ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ e-ID စနစ် လုပ်ငန်းကော်မတီက စီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည့်အတွက် National Database အဖြစ် တည်ဆောက် ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

IMG_8353

          ထို့နောက် National Database စနစ် တည်‌ဆောက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က e-ID စနစ် လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။

          ယင်းနောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က Myanmar e-Government Master Plan – ၂၀၂၃ (မူကြမ်း) ဆိုင်ရာ အချက်အလက်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍တပ်မတော်(ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦး က National Database တည်ဆောက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက National Database စနစ် တည်ဆောက် ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးအကြံပြု တင်ပြကြသည်။

          ယင်းနောက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ဉက္ကဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဉက္ကဌ  ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက် များနှင့်စပ်လျဉ်း၍  e-ID စနစ်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို e-ID ကော်မတီအဖွဲ့ဝင်ပညာရှင်များက ဝန်ကြီးဌာနများအလိုက် လက်တွေ့ ဆောင်ရွက်သွားကြရမည့် ဝန်ထမ်း များအား စတင်ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊  e-IDစနစ်ဆောင်ရွက်ခြင်းကြောင့် ပြည်သူများ၏တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များကို ကောက်ယူနိုင်သည့်အတွက် ပြည်သူများအနေဖြင့် Paper- Based စနစ်မှ အွန်လိုင်းဆက်သွယ်မှု စနစ်မှတစ်ဆင့် မိမိအလိုရှိသည့် လုပ်ငန်းနယ်ပယ်အလိုက် ဝန်ကြီးဌာနများတွင် လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်မှုစသည့် ဝန်ဆောင်မှု ကဏ္ဍတို့တွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရန်မှာ      e-Government စနစ်ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအလိုက် အခြေခံကွန်ပျူတာနည်းပညာမှစ၍ software၊ Hardwareနှင့် Networking ပညာရပ်များနှင့်စပ်လျဉ်း၍ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် Electronic Device များ ကိုင်တွယ်အသုံးပြုနိုင်မည့် ဌာနတွင်းဝန်ထမ်းပညာရှင်များ ကြိုတင် ရွေးချယ်စုဖွဲ့ထားရန်လိုကြောင်းနှင့် e-Government စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိနိုင် သော်လည်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရင်းဖြင့် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို ပြုပြင်သွားမည်ဖြစ်ကြောင်း၊ National Database ရှိမှသာ ပြည်သူများအတွက် လျင်မြန်သည့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ National Database စနစ် တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုကြောင်း ဖြည့်စွက်ပြောကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား၍အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

Sorry, the comment form is closed at this time.