default-imageပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ MRTV/ MWD ရုပ်သံ၊ သတင်းစာတို့နှင့် တွေ့ဆုံမေးမြန်းခြင်းကဏ္ဍဍ
မေး။ မင်္ဂလာပါရှင့် ယခုလူအများစိတ်ဝင်စားနေတဲ့ နိုင်ငံတော်စီမံချက်တစ်ခုဖြစ်တဲ့ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီးတော့ လာရောက်ပြီးတော့ ရှင်းပြပေးတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျွန်မတို့အနေနဲ့ အထူးဘဲကျေးဇူးတင် ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ပရိတ်သတ်နဲ့စတင်ပြီး မိတ်ဆက်ပေးစေလိုပါတယ်ရှင့်။ ဖြေ။ ကျွန်တော်ကတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့်နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး ဖြစ်ပါတယ်။ မေး။ နောက်ထပ်မေးခွန်းတစ်ခုကတော့ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့အနေနဲ့ နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးနေတာကို သတိထားမိပါတယ်ရှင်။ သတင်းစာစောင်များနဲ့ Facebook စတဲ့ လူမှုကွန်ယက်တွေမှာလည်း တွေ့ရပါတယ်။ ဘာကြောင့် “ပန်းခင်း” စီမံချက်လို့ အမည်ပေးရတာလဲရှင့်။ ဖြေ။… Read More >>