default-imageအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ Online Visa/ e-Visa စနစ်အား တိုးမြှင့်အသုံးပြုသွားရန်အတွက် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ခေါ်ယူရာတွင် လူတွေ့အရည်အချင်းစစ်ဆေးမှုခံယူကြရမည်သူများ၏ အမည်စာရင်းအား ရွှေတံခါးမှူး Facebook Page တွင်ဖော်ပြပေးထားပါကြောင်း အသိပေးကြေငြာအပ်ပါသည် …… Read More >>
default-imageပြည်သူလူထုထံအသိပေးအကြောင်းကြားခြင်း
၁။ မွေးရာပါနိုင်ငံသားများအတွက် မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းအားတစ်နေရာတည်းတွင် ဖြေလျော့ခြင်းများဖြင့် ၁.၇.၂၀၁၁မှ
၃၁.၅.၂၀၁၃ထိမိုးပွင့်စီမံချက်အဆင့်(၁)မှအဆင့်(၅)ထိနိုင်ငံတစ်ဝန်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ၂။ ယခုအခါပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း၏ ဒုတိယအဆင့်ဖြစ်သော မြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍မိုးပွင့်အဆင့်(၆)စီမံချက်အား (၁၇.၇.၂၀၁၄) ရက်နေ့တွင်                     ပြန်လည်စတင်မည်ဖြစ်ပြီးတစ်လတွင်(၂)ရက်သတ်မှတ် ကွင်းဆင်းဆောင်ရွက် မည်ဖြစ်၍ ကျန်ရက်များအားမြို့နယ်ရုံး၌ ဆောင်ရွက်ပေးသွားပါမည်။ ၃။ သွေးနှောပြည်သူများအတွက် အခြေခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်ချက်အရ မြို့နယ်ရုံးများတွင်သာဆောင်ရွက်ပေးနေပါသည်။ ၄။မိမိဝန်ထမ်းများနှင့်အတူနော်ဝေနိုင်ငံအခြေစိုက်(Norwegian Refugee Council – NRC) အဖွဲ့မှလည်းကရင်ပြည်နယ်(၇)မြို့နယ်၊ ကယားပြည်နယ်(၇)မြို့နယ်၊ ရှမ်းပြည်နယ်၊                           ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်နှင့်ပဲခူးတိုင်းဒေသကြီး(အရှေ့)ကျောက်ကြီးနှင့်ရွှေကျင် ရှိစီမံကိန်းစမ်းသပ်နယ်မြေဒေသ၊မွန်ပြည်နယ်(၃)မြို့နယ် တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ်         တို့တွင်စာချုပ်ချုပ်ဆိုပြီးသည့်နေ့မှစ၍ One Stop Service ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက် ပေးလျှက်ရှိပါသည်။ ၅။ဤဝန်ကြီးဌာန၏ကွင်းဆင်းဆောင်ရွက်မှုများအပေါ်သိရှိလိုသည်များ၊ ကျေလည်မှုမရှိသည် များ၊… Read More >>
default-imageအယ်ဒီတာထံပေးစာ ၁၉-၈-၂၀၁၃ နေ့ထုတ် 7 day Daily သတင်းစာ အယ်ဒီတာထံပေးစာ ကဏ္ဍ၌ “ မူမမှန်သော ကြိုးနီစနစ်များ” ခေါင်းစဉ်ပါ နေမျိုးကျော်စွာဆိုသူ၏ ဖေါ်ပြစာနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ် ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ် များ ဦးဆောင်‌သော စီမံခန့်ခွဲရေးကော်မတီဝင်များမှ အချက်တစ်ချက်ချင်းအပေါ် သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ တစ်ဦးချင်းစီအတွက် ရရှိအထောက်အထားများကို စာရေးသား သူအား ခေါ်ယူပြသရှင်းလင်းနိုင်ပါသည်။ သို့သော် ရေးသားသူမှာ မည်သူမည်ဝါဆိုသည်ကို မသိခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်၍ တည်ဆဲဥပဒေများအရ လက်လွှတ်စပယ် ရေးသား ဖြန့်ဝေရှင်းလင်းရန် မဖြစ်နိုင်ခြင်း စသည်တို့ကြောင့် တုံ့ပြန်ရေးသားရန် ဆန္ဒမရှိသော်လည်း ဌာနအတွက် ဂုဏ်ယူစိတ်ရှိနေကြသော ဝန်ထမ်းများမှ… Read More >>
default-imagePermission of Entry into and Departure from Myanmar – Thai Border Gates Under the agreement between the Union of Myanmar Government and the Government of the Kingdom of Thailand, the following border entrances / exits have been designated as international entrances / exits with effect from 0800 hours on the… Read More >>
default-imageပြည်သူလူထုထံ အသိပေးအကြောင်းကြားခြင်း နိုင်ငံတစ်ဝန်း၌ မွေးရာပါနိုင်ငံသားများအတွက် လိုအပ်ချက်များ လျော့ပေါ့/ဖြေလျော့နည်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းအား (၁-၇-၂၀၁၁) မှ စ၍ မိုးပွင့်စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မိုးပွင့် အဆင့်(၄)အထိ ဆောင်ရွက်ပြီးဖြစ်ကြောင်း (၃၁-၁-၂၀၁၃) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မိုးပွင့်အဆင့်(၅)၏ (၁-၄-၂၀၁၃)မှ (၃၁-၅-၂၀၁၃)အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်း အိမ်ထောင်စု (၇၁၅၅၀)စု နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း (၂၀၀၉၈၆)ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မိုးပွင့်(၁)မှ(၅)အထိ အိမ်ထောင်စုပေါင်း (၄၈၆၇၀၇)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၃၄၃၁၈၂၃) ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ပါသည်။ မိုးပွင့်အဆင့်(၅)တွင် စေတနာရှင် ပြည်သူများ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့်… Read More >>