default-imageပြည်သူလူထုထံ အသိပေးအကြောင်းကြားခြင်း နိုင်ငံတစ်ဝန်း၌ မွေးရာပါနိုင်ငံသားများအတွက် လိုအပ်ချက်များ လျော့ပေါ့/ဖြေလျော့နည်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းအား (၁-၇-၂၀၁၁) မှ စ၍ မိုးပွင့်စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မိုးပွင့် အဆင့်(၄)အထိ ဆောင်ရွက်ပြီးဖြစ်ကြောင်း (၃၁-၁-၂၀၁၃) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မိုးပွင့်အဆင့်(၅)၏ (၁-၄-၂၀၁၃)မှ (၃၁-၅-၂၀၁၃)အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်း အိမ်ထောင်စု (၇၁၅၅၀)စု နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း (၂၀၀၉၈၆)ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မိုးပွင့်(၁)မှ(၅)အထိ အိမ်ထောင်စုပေါင်း (၄၈၆၇၀၇)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၃၄၃၁၈၂၃) ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ပါသည်။ မိုးပွင့်အဆင့်(၅)တွင် စေတနာရှင် ပြည်သူများ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့်… Read More >>