
(၁၉၄၇)ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဌာန်းချက်များ အက်ဥပဒေ ဥပဒေပုဒ်မ။ ၃(၁) ကြီးကြပ်ရေးဝန်က ထုတ်ပေးသည့် သို့တည်းမဟုတ် ထိုသို့ ထုတ်ပေးရန် အာဏာရအရာရှိ တစ်ဦးဦးက ထုတ်ပေးသည့် ပြည်တွင်းဝင်ရောက် နေထိုင်ခွင့် လက်မှတ်မပါဘဲနှင့် သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖြစ်စေ၊ နိုင်ငံတော်သမ္မတအစား ဖြစ်စေ၊ နည်းလမ်းတကျ ပြည်ဝင်ခွင့် ပြုထားသောခိုင်လုံသည့် နိုင်ငံကူးလက်မှတ်မပါဘဲနှင့်သော် လည်းကောင်း၊ မည်သည့် နိုင်ငံခြားသားမျှ ပြည်ထောင်စုနိုင်ငံတွင်းသို့ မဝင်စေရ။ ဥပဒေပုဒ်မ။ ၄(၂) အဆိုပါစည်းကမ်းချက်အားလုံးသည် ထိုအခွင့်လက်မှတ် သို့တည်းမဟုတ် ဗီဇာရသူအား ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုထားသော သို့တည်းမဟုတ်… Read More >>