default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ ပန်းခင်း စီမံချက်အောင်မြင်ရေးညှိနှိုင်းစည်းဝေးမှာကြား။ နေပြည်တော်၊ မေ ၂၆ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူ များနှင့်အတူ မေလ ၂၅ ရက်၊ ညနေ (၄) နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမရှေ့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု့အားပေးကာ အထောက်အထားအပြည့်အစုံဖြင့် လာရောက်လျှောက်ထားသူများအား… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ တာချီလိတ်မြို့ရှိ မိဘမဲ့ ကလေးများကျောင်းနှင့် ဟိုရမ်း ကျေးရွာတို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများတက်ရောက်၊ ဌာန ဝန်ထမ်းများအား တွေ့ဆုံ၍ ရည်မှန်းချက်တာဝန်များ အောင်မြင်အောင်ဆောင်ရွက်ရေးမှာကြား ။ နေပြည်တော်၊ မေ ၂၅ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင် ကျော်စိုး၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်းတို့နှင့်အတူ မေလ ၂၄ ရက်၊ နံနက် (၁၁) နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်၊ ပါလျန်-၂ ခရစ်တော်၏ သက်သေခံလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးကျောင်း၌ကျင်းပသည့် မိဘမဲ့ကလေးများအား ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက် ရောက်… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု့အားပေး၊ ဆောင်ရွက်ပြီး ကတ်ပြားများအား ဒေသခံပြည်သူများသို့ပေးအပ်။ နေပြည်တော်၊ မေ ၂၄ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၃ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်မြို့နယ်၊မိုင်းထလန်းကျေးရွာအုပ်စု၊မိုင်းကန်း ကျေးရွာသို့ သွားရောက်၍ မိုင်းကန်းကျေး ရွာ ရုံးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းဆတ်မြို့နယ်ဦးစီး မှူးရုံးမှ ဝန်ထမ်းများကဒေသခံတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း ခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲတက်ရောက်၊ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး အတွက် အစဉ်လေ့လာသင်ယူကြရေး ရှင်းလင်းပြောကြား။ နေပြည်တော်၊ ဇွန် ၂၁ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၁)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ စီမံချက်အောင်မြင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆင်ရေးတစ်ရပ် အသွင် အလေးထားကာအင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ မေ ၇ ။ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ဆောင်ရွက်မည့် ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ (၇) ရက်၊ နံနက် (၉) နာရီ တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများအတွက်ကောင်းမွန်သော အကြံဉာဏ်ကောင်းများဖြင့်ဆွေးနွေးပေးကြရန်တိုက်တွန်း။ နေပြည်တော် ၊ ဧပြီ ၂၇။ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ ဧပြီလ (၂၇) ရက်၊ နံနက် (၁၀) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ပတွင် အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဥတ္တရသီရိမြို့နယ်ရှိဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ဝန်ကြီးဌာန၏ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက်။ နေပြည်တော်၊ ဇွန် ၇ ။ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇွန်လ ၇ ရက်၊ ယနေ့ နံနက် (၉) နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတက်ရောက်၊ မိမိတို့၏ လိုအပ်ချက်များ၊ ဌာနမှ ဖြည့်ဆည်းပေးရန်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် တိုက်တွန်းမှာကြား။ ဧပြီ ၁၂ ။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ဧပြီလ(၁၂)ရက်၊ နံနက် (၁၁) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများတက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယခု ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲသည် ပြီးခဲ့သည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် CMP လုပ်ငန်းများ အောင်မြင်ရေးအတွက် အလေးထားဆွေးနွေးပေးကြရန် တိုက်တွန်းမှာကြား။ နေပြည်တော် ၊ မတ် ၁၇။ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်း (Cutting , Making , Packaging) CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၇) ရက် ယနေ့ မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခ လစာ ပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးညှိနှိုင်း အစည်း အဝေးတက်ရောက်၊ စက်မှုဇုန်ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေး။ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ။ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခလစာပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၂၃) ရက်၊ မွန်းလွဲ (၂) နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊… Read More >>