default-imageဝန်ကြီးဌာနမှ MRTV/ MWD ရုပ်သံ၊ သတင်းစာတို့နှင့် အမေးအဖြေကဏ္ဍ ပြည်နယ်/ တိုင်းများမှ Talk Show ရိုက်ကူးရာတွင် ထည့်သွင်းပြောကြားရမည့် “ပန်းခင်း” စီမံချက်ဆိုင်ရာ မူဝါဒ အချက်အလက်များ လူမှုဘဝဆောင်ရွက်ချက်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထား နိုင်ရေးဟာ ကာယကံရှင် နိုင်ငံသားတစ်ဦးချင်းစီအတွက် အရေးကြီးသလို၊ နိုင်ငံတော်အတွက်လည်း အရေးကြီးပါတယ်ရှင်။ အခု နိုင်ငံတော်စီမံချက်တစ်ခုအဖြစ် ဆောင်ရွက်နေတဲ့ “ပန်းခင်း” စီမံချက် ဟာ နိုင်ငံသားတစ်ဦးဖြစ်ကြောင်း ဥပဒေနဲ့အညီ ခိုင်လုံတဲ့အထောက်အထားတစ်ခု ရရှိကိုင်ဆောင်နိုင် မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်ရှင်။ ဒါကြောင့် လူအများစိတ်ဝင်စားနေတဲ့ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးရဲထွန်းဦးက… Read More >>
default-imageလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပန်ကြားလွှာ ချစ်ခင်လေးစားရပါသော မိဘပြည်သူ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ –  ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အား နိုင်ငံသား စိစစ်ရေးကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှစ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။  ဤဝန်ကြီးဌာနတွင် (၁-၄-၂၀၁၁) မှ (၁၂-၈-၂၀၁၅) ထိ မိုးပွင့်စီမံချက် အမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေါင်း (၈.၄)သန်းခန့်အား လည်းကောင်း ၊ (၁-၄-၂၀၁၆) မှ(၃၁-၁-၂၀၂၁) ထိသစ္စာစီမံချက်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၆.၂)သန်းအားလည်းကောင်း ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။  ယခုအခါ… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုညှိနှိုင်း၊ နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်သဖြင့် ကြိုတင်မျှော်တွေးဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ ဩဂုတ် ၂၃ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက်ဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဩဂုတ်လ (၂၃) ရက်၊ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီက… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ငန်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာလိုအပ်ချက်များ ပြည့်စုံမှန်ကန်ရေး ဆွေးနွေးမှာကြား။ နေပြည်တော်၊ ဩဂုတ် ၁၉ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက် လျှက်ရှိသည့် ပန်းခင်းစီးမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်၊ မွန်းလွဲ(၁)နာရီခွဲက နေပြည်တော်ရှှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ လူဦးရေ ကိန်းဂဏန်းအချက်အလက်များက ညွှန်းဆိုပြနေသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူဦးရေမူဝါဒ (Population Policy) ရေးဆွဲချမှတ် နိုင်ရေး ညှိနှိုင်းဆွေးနွေး။ နေပြည်တော်၊ ဩဂုတ် ၁၅။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းတို့၏ ရလဒ်များပေါ်အခြေခံ၍ နိုင်ငံတော်အတွက် ချမှတ်ဆောင်ရွက်နိုင် မည့် လူဦးရေမူဝါဒ(Population Policy)ဆိုင်ရာ လုပ်ငန်းရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ်လ (၁၄)ရက် မွန်းလွဲ(၂)နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းနှင့် ချိပ်ဆက်၍ e-ID စနစ် အကောင်အထည်ဖေါ်ရေးဆွေးနွေး၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး မီဒီယာဆိုင်ရာ ဘက်ပေါင်းစုံ အသုံးပြု ဆောင်ရွက်ရန် မှာကြား။ နေပြည်တော်၊ ဩဂုတ် ၁၄။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက် လျှက်ရှိသည့် ပန်းခင်းစီးမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် (e-IDစနစ်)လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ဩဂုတ်လ ၁၃ရက်၊ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ဝန်ကြီးဌာနမှအရာထမ်းများအားတွေ့ဆုံ၍ နိုင်ငံနှင့်ပြည်သူ့အကျိုး
အတွက်စိတ်ရင်းစေတနာမှန်ဖြင့်အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြား။ နေပြည်တော်၊ ဩဂုတ် ၁၂ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီသည် ဩဂုတ်လ(၁၂)ရက်၊ယနေ့နံနက်(၁၀)နာရီတွင်အဆိုပါဝန်ကြီးဌာန ၊အစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနရှိ ဝန်ကြီးရုံးနှင့် ဉီးစီးဌာနများမှ အရာထမ်းများအားတွေ့ဆုံရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဉီးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်ဉီးအောင်ကျော်စိုးနှင့် ဉီးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများတက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကအမှာစကားပြောကြားရာ၌ မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့်  မိမိတို့နိုင်ငံ၏သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက်ပြောင်းလဲမှု ဖြစ်စဉ် များကို သိရှိထားကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံများနှင့်  မိမိတို့နိုင်ငံနှင့် ထိစပ် နေသည့် အိမ်နီးချင်းနိုင်ငံများ၏သမိုင်းကြောင်းအခြေအနေ၊ ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း လေ့လာသိရှိထားရန်လိုအပ်ပါကြောင်း၊ သို့မှသာ လက်ရှိနိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု ပကတိ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ စီမံချက်အောင်မြင်ရေးအတွက် ကန့်သတ်ချက်၊ အဟန့်အတားများအား နည်းလမ်းရှာကြံကျော်လွှားဖြတ်သန်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ ဩဂုတ် ၁၁ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဩဂုတ်လ(၁၁)ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ်… Read More >>
default-imageOnline e-Stay Extension Website လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်  ၁။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ လျင်မြန်စွာအကောင်အထည်ဖော် နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် e-Visa website ( https://evisa.moip.gov.mm ) ကို ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှစတင်၍ တရားဝင်လွှင့်တင်ထားရှိပြီး ကမ္ဘာလှည့်ဗီဇာ (Tourist Visa) နှင့် လုပ်ငန်းဗီဇာ (Business Visa) ထုတ်ပေးခြင်းတို့ကို Electronic စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ယခုအခါနိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် e-Visa website မှ Online ဖြင့် လျှောက်ထားရယူ ထားသည့် e-Visa… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်၊ ၂၀၂၁ ခုနှစ် ၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်၊ COVID-19 ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေသာယာစေရေးအတွက် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။ နေပြည်တော်၊ ဇူလိုင် ၉ ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် (၉)ရက် ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဉီးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်… Read More >>