default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများအားလှည့်လည်စစ်ဆေး၍ လိုအပ်သည်များမှာကြား။ နေပြည်တော်၊ ဇူလိုင် 4 ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ 3 ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရုံးများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ရုံးခန်းများအခြေအနေနှင့် ရုံးပတ်ဝန်းကျင် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး အဆောက်အဦ အခြေအနေနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်အောင်မြင်ရေး ညှိနှိုင်းဆွေးနွေး။ နေပြည်တော်၊ ဇူလိုင် 3 ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များပေးအပ်ပွဲကို ဇူလိုင်လ ၂ ရက်၊ နံနက် (၉)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်းသား များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတက်ရောက်၊ မြစ်ကြီးနားမြို့နယ်ရုံး၌ ပန်းခင်းစီမံချက်ဆောင်ရွက်မှု ကြည့်ရှုအားပေး။ နေပြည်တော်၊ ဇူလိုင် 2 ။ ကချင်ပြည်နယ်၊ အင်ဂျန်းယန်ဒေသမှ မြစ်ကြီးနားမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာလာသူ ဒေသခံတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဇူလိုင်လ ၁ ရက်၊ မွန်းလွဲ(၂)နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးစုပေါင်းရုံးရှိ မနှောရွှေပြည်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသည့် ဒေသခံတိုင်းရင်းသားများ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊ လေဆိပ်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်ကြည့်ရှု။ နေပြည်တော်၊ ဇူလိုင် ၁။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး လေဆိပ်ဧည့်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လေဆိပ်ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရုံးများမှ တာဝန်ရှိသူများအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ အရေးပေါ်ကာလ ပြဌာန်းချက်များအရ စီမံဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်(5)ရပ်၊ ဦးတည်ချက်(9)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းဆောင်ရွက်ချက်များအပေါ် အချို့မီဒီယာများက နည်းမျိုးစုံဖြင့် ကောလဟလ သတင်းမှားများ ဖြန့်ချီထုတ်လွှင့် နေကြသည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲတက်ရောက်၊ လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန်မှာကြား။ နေပြည်တော်၊ ဇွန် ၂၃ ။ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲကို ဇွန်လ (၂၃) ရက် ၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း ခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲတက်ရောက်၊ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး အတွက် အစဉ်လေ့လာသင်ယူကြရေး ရှင်းလင်းပြောကြား။ နေပြည်တော်၊ ဇွန် ၂၁ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၁)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၊ ဝန်ထမ်းများ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး။ နေပြည်တော်၊ ဇွန် ၁၅။ ဥတုရာသီတောကိုမှီဆိုသကဲ့သို့ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပရေးစသည့် ရည်ရွယ်ချက်များဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၅ ရက်၊ ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ ရုံးအမှတ် (၅၁) ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအမှတ် (၄၈) နှင့် လူမှုဖူလုံရေးရုံးပတ်ဝန်းကျင်တို့၌ (၃)နေရာခွဲ၍ကျင်းပရာ ရှေးဦးစွာ အလုပ်သမားရေးရာဆိုင်ရာ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ပန်းခင်းစီမံချက်အောင်မြင်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်မှာကြား။ နေပြည်တော်၊ဇွန်၁၂။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့် တာဝန်ရှိသူများ နှင့်အတူ ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းက မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံရွာသူရွာသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များ မှာကြား ပြီး ရွာသူရွာသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းစည်းဝေး၊ မိမိတို့ဌာနနှင့်သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများအပေါ် မူတည်၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် အကြံပြုဆွေးနွေးကြရန်တိုက်တွန်း။ နေပြည်တော်၊ ဇွန် ၁၁ ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ အနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၁ ရက် ၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) နှင့် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်းသို့ သွားရောက်ကြည့်ရှု၊ ရွှေပြည်သာမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်။ နေပြည်တော်၊ မေ ၂၇ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၆ ရက် ၊ နံနက် (၈) နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်) သို့သွားရောက်၍ ဆေးရုံ အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာယုယုတင်က ရန်ကုန်အလုပ်သမားဆေးရုံ ကြီး၏ ဝန်ထမ်းအင်အားအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက… Read More >>