default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး နေပြည်တော်၊ ဒီဇင်ဘာ ၂၇။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား ဒီဇင်ဘာလ (၂၇) ရက်၊ ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအနေဖြင့် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာဆက်ဆံ၍ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်နိုင်ငံဝင်ထွက်သွားလာမှုအခြေအနေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နီပေါနိုင်ငံသားများနှင့်ပတ်သက်၍… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုမည့် ဇင်ယော်ရေယာဉ်များအား ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်မှာကြား နေပြည်တော်၊ ဒီဇင်ဘာ ၂၅ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၂၅ ရက် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းသို့ သွားရောက်၍ ရန်ကုန်မြို့သို့ ရေကြောင်းမှ ဝင်ရောက်လာသည့် ပင်လယ်ကူးသင်္ဘောများ ကျောက်ချရပ်နားသည့်နေရာသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေး လုပ်ငန်း များ ဆောင်ရွက်ရာ တွင်အသုံးပြုသည့် ဝန်ကြီးဌာန၏ ဇင်ယော်(၁) ၊ (၂)… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ လှည့်လည်ကြည့်ရှု၊ ခရီးသွားပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးမှာကြား နေပြည်တော်၊ ဒီဇင်ဘာ ၂၄ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်ဝန်းအတွင်းရှိ Yangon Aerodrome Company Ltd (YACL) အစည်း‌ အဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံရာ  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်က ရန်ကုန်အပြည်ပြည်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့် နည်းပြသင်တန်းဖွင့်ပွဲတက်ရောက်၊ ဆင့်ပွားသင်တန်းများ၌ ထိထိရောက်ရောက်ပြန်လည်ရှင်းလင်းပို့ချနိုင်ရေး စနစ်တကျ လိုက်နာမှတ်သားရန်မှာကြား နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ။           မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၁၄)ရက် ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟို ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တက်ရောက်၊ လူဦးရေစာရင်းများကို စနစ်တကျ မထပ်မကျန် ကောက်ယူနိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်တွက်ချက်ပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန်တိုက်တွန်း နေပြည်တော်၊ ဒီဇင်ဘာ ၉ ။           လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် ဖွဲ့စည်း ထားသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)ကို ဒီဇင်ဘာလ(၉)ရက် ယနေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဝန်ကြီးဌာနအသီးသီးမှ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ၊ လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ ဒီဇင်ဘာ ၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဒီဇင်ဘာလ (၈)ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး… Read More >>
default-image  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်း(၂)စီမံချက်ဆောင်ရွက်မှုနှင့် လူဦးရေစာရင်းမှန်ကန်ရေး အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ နိုင်ငံတော် ၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ ဒီဇင်ဘာ ၂ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် ပန်းခင်း(၂)စီမံချက်ဆောင်ရွက်မှုနှင့် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကိုသိရှိပြီး စနစ်တကျကိုင်တွယ် ထိန်းသိမ်းရန်ပြောကြား။ နေပြည်တော်၊ နိုဝင်ဘာ ၁၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို နိုဝင်ဘာလ (၁၈)ရက် ယနေ့နံနက် (၉)နာရီတွင် လားရှိုးမြို့၊ မြို့တော် ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးတာသိန်းဇော်၊ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဌ ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများအား တွေ့ဆုံ၊ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။           နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် လျာထားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်ကို လုပ်ငန်းကာလ (၁၈) လတာသတ်မှတ်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီ အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဒေသအာဏာပိုင်များနှင့် “ဝ” အထူးဒေသမှ တိုင်းရင်းသား အဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ဝန်ထမ်းများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားကာ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၁၆။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၆) ရက်၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် “ဝ” အထူးဒေသအတွင်း ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများ၏ နိုင်-၄နှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ… Read More >>