default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး များမှ ဝန်ထမ်းများအား တွေ့ဆုံ၊ ဌာန၏လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့် အတွက် ဂရုတစိုက် အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြား နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၀ ရက်၊ မွန်းလွှဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ရခိုင်ပြည်နယ် ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက  ပြည်နယ်အတွင်း ဌာန၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းများ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံ၊ လုပ်ငန်းစဉ်တစ်ရပ်လုံးအား မှန်ကန်သည့် လူဦးရေ စာရင်းများ ထုတ်ပြန်နိုင်သည့်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း။ နေပြည်တော်၊ ဖေဖော်ဝါရီ ၇။          မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌနှင့် ရခိုင်ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ (၆)ရက်၊ မွန်းလွဲ (၂)နာရီတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနား သို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်ဝင်းနှင့် ပြည်နယ်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) တက်ရောက်၊ မဲစာရင်းမှန်ကန်ရေးအတွက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအား ပြီးမြောက်အောင်မြင်သည်အထိ ဦးဆောင်မှု ပေး၍ စီမံဆောင်ရွက်ပေးကြရန်တိုက်တွန်း နေပြည်တော်၊ ဖေဖော်ဝါရီ ၃။           လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်စာရင်းကောက်ယူရေးအဖွဲ့ များဖြင့် ဇန်နဝါရီလ (၉)ရက်မှ (၃၁)ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း(၂၀)ကြာ ဆောင်ရွက် ခဲ့ပြီးဖြစ်ရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃)ကို ဖေဖော်ဝါရီလ (၃)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး… Read More >>
default-imageတိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံး အဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရမည် နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်အမှာစကား ပြောကြားသည်။           အစည်းအဝေးသို့ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။           ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးတက်ရောက်၊ နေခွင့်လျှောက်ထားသူများအား ဥပဒေနှင့်အညီ ခွင့်ပြုနိုင်ရေး သုံးသပ်အကြံပြုဆွေးနွေးကြရန်တိုက်တွန်း နေပြည်တော်၊ ဇန်နဝါရီ ၃၀။           မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ဖြင့် စိစစ်သုံးသပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက်၊ ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လားရှိုးမြို့အတွင်း လူဦးရေးစာရင်း မှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှုလှည့်လည် ကြည့်ရှုအားပေး၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြား နေပြည်တော်၊ ဇန်နဝါရီ ၁၇ ။           မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ(၁၆)ရက် နံနက်(၈)နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက သင်တန်းကျောင်းရှိ သင်တန်းသား (၆၀)ဦးအား… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လောက်ကိုင်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြား နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်က မွန်းလွဲ(၃)နာရီခွဲက လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံး ခန်းမဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသ မိုင်းမောနှင့် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်း စီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲများ တက်ရောက်၊ နိုင်ငံသားအခွင့်အရေး၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့်အခွင့်အရေး  အပြည့်အဝရရှိနိုင်မည့် အထောက်အထားဖြစ်၍စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် ပြောကြား။ နေပြည်တော်၊ ဇန်နဝါရီ ၁၅ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများကို ဇန်နဝါရီလ ၁၅ ရက်က “ဝ”အထူး ဒေသအတွင်းရှိ မိုင်းမောနှင့် နမ့်တစ်မြို့တို့၌ အသီးသီးကျင်းပရာ အခမ်းအနားများသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားနှင့် သင်္ဃန်းကျွန်း မြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(Working Group) အဖွဲ့ဝင်များ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး။ နေပြည်တော်၊ ဇန်နဝါရီ ၁၄ ။           နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(Working Group) များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်မှ (၃၁)ရက်အထိ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၁၄)ရက်၊ ယနေ့ နံနက် (၈)နာရီခွဲတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိ သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား များနှင့် ပန်းခင်းစီမံချက်တွင် အောင်မြင်စွာဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအားနှစ်သစ်ကူးမိတ်ဆုံစားပွဲဖြင့် တည်ခင်းဧည့်ခံ၊ အနာဂတ်ကာလတွင်လည်း ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး တိုက်တွန်းပြောကြား။ နေပြည်တော်၊ ဇန်နဝါရီ ၇  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများနှင့် ပန်းခင်းစီမံချက်တွင် အောင်မြင်စွာပါဝင်ဆောင် ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၏ နှစ်သစ်ကူးမိတ်ဆုံစားပွဲကို ဇန်နဝါရီလ ၆ ရက်၊ ည ၇ နာရီ ၂၅ မိနစ်က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ စုံညီဧည့်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်နှင့်… Read More >>