default-imageဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကြည့်ရှု့စစ်ဆေးပြီး  သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ်ရှိ လဝကမြို့နယ်ဦးစီးမှူးရုံး၌ Biometric  လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှု့စစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၂၆ ။  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၂၆) ရက် ၊နံနက်ပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာပြီး ၊ ပြည်ပထွက်ခွာရှိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဝင်ရောက်/ ထွက်ခွာ ကြသည့်ခရီးသည်များ၏အချက် အလက်များအားသိမ်းဆည်း သည့် Server Room အား ကြည့်ရှု့ စစ်ဆေးပြီး Data Center  ရှိ Rack များစစ်ဆေး ခြင်း၊ Fire Wall များတပ်ဆင်အသုံးပြုမှု၊ Network Management… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကော့သောင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကောက်ယူမှု လုပ်ငန်းဆောင်ရွက်မှုကြည့်ရှုအားပေး၊ နယ်စပ်ဂိတ်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှု နေပြည်တော်၊ ဇန်နဝါရီ ၂၅ ။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၂၅)ရက်၊ ယနေ့နံနက် (၁၀) နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့ရှိ မဉ္ဇူသကခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကော့သောင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးနှင့် လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်း)တို့မှ ဝန်ထမ်းများအား တွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လက်ရှိအခြေအနေတွင် နိုင်ငံတော်အတွက် အရေးကြီးပြီး မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ရမည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း၊ ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မိတ္ထီလာမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး နေပြည်တော်၊ ဇန်နဝါရီ ၁၂ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၁၂)ရက် နံနက်ပိုင်းက မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်၊ နိုင်ငံနှင့်ပြည်သူအတွက် ဌာန၏လက်ငင်းဆောင်ရွက်နေသည့်လုပ်ငန်းများ မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား  နေပြည်တော်၊ ဒီဇင်ဘာ ၃၀ ။          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၃၀ ရက်၊ ယနေ့နံနက်(၉)နာရီခွဲကအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။            အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လက်ရှိနိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံးဖြစ်သည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ တွေ့ကြုံနိုင်သည့်အခက်အခဲများအပေါ်    ဝိုင်းဝန်းအဖြေရှာဖြေရှင်းဆောင်ရွက်နိုင်ရေး သုံးသပ်ဆွေးနွေးပေးကြရန်တိုက်တွန်း နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၉)ရက်၊ ယနေ့နံနက်(၉)နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မုံရွာမြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၂၇)ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မုံရွာမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊  ဒေသခံပြည်သူများအား… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ။           မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ဒီဇင်ဘာလ (၂၆) ရက်၊ ညနေ(၄)နာရီက မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ စည်ပင်သာယာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များ ကောက်ယူ ၍ e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာ ၂၆  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၂၆)ရက်၊ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမသို့ သွားရောက်၍ အဆိုပါခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့် မြို့နယ်(၇) မြို့နယ်မှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ။         လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အား ဒီဇင်ဘာလ(၁၉) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။         ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပုပ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများနှင့် ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များကောက်ယူ၍e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ ယာယီစစ်ဘေးရှောင်ရောက်ရှိနေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး။ နေပြည်တော်၊ ဒီဇင်ဘာ ၁၅  ။       လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၁၅)ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပုပ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည်ချုပ် နှင့် ဖြန့်ချိရေးလုပ်ငန်းသို့သွားရောက်၍ အဆိုပါလုပ်ငန်း၊ ကုမုဒြာဆောင်၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုပ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အထည်ချုပ် လုပ်ငန်းဝန်းအတွင်းရှိ မိသားစုဝင်များနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအနက် နိုင်ငံသားကတ်ပြားမရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်… Read More >>