default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးမြို့၌ မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရန် လိုအပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြား။ နေပြည်တော်၊ ဇူလိုင် ၂၇ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ ဆက်စပ်ဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များက မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းပုံစံ (၁) များအား Scanner ဖြင့် ဖတ်ရှုမှုနှင့် အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ပါအချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု အားပေး။ နေပြည်တော်၊ ဇူလိုင် ၂၆ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းခန်းသို့ရောက်ရှိရာ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက မှတ်တမ်းခန်းများ၌ လူတစ်ဦးချင်းစီ၏ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးအချက်အလက်မှတ်တမ်း ပုံစံ (၁) များ ထိန်းသိမ်း ထားရှိမှု၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား တွေ့ဆုံ၊ e-ID စနစ်လုပ်ငန်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးကူညီပေးနိုင်ရေးဆွေးနွေး။ နေပြည်တော်၊ ဇူလိုင် ၂၅ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား ဇူလိုင်လ (၂၅) ရက်၊ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး သုံးသပ်ဆောင်ရွက်။ နေပြည်တော်၊ ဇူလိုင် ၂၁။           မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇူလိုင်လ(၂၁)ရက်၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဗဟိုကော်မတီဝင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်နှင့် ဗဟိုကော်မတီဝင်များ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်စီမံချက်များဖြစ်သည်နှင့်အညီအားလုံးကလုပ်ငန်း၏ အရေးပါမှုကို သိရှိနားလည်ထားကြရေးမှာကြား။ နေပြည်တော်၊ ဇူလိုင် ၁၅  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ ၁၅ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။          … Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား ဂုဏ်ပြုအမှာစကားပြောကြား၊ ဝန်ထမ်းများနှင့်တွေ့ဆုံ။ နေပြည်တော်၊ ဇူလှိုင် ၁၄။             လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၁၃) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆိုရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပန်းခင်းစီမံချက်ကိုသတ်မှတ်ကာလ အတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင် ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ယခုနိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု ဖြင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များ အပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဌာနမြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား။ နေပြည်တော်၊ ဇူလိုင် ၁၃။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြာက်အောင်မြင်ပွဲကို ဇူလိုင်လ ၁၃ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ… Read More >>
default-imageနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား၊ မျိုးဆက်ပွားကျန်းမာရေးကိုမည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာရောက်မည်။ နေပြည်တော်၊ ဇူလိုင် ၁၁။           ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ (၁၁) ရက်၊ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှုကြည့်ရှုအားပေး၊ မင်္ဂလာဒုံနှင့် လှိုင်သာယာ(အရှေ့) မြို့နယ်ဦးစီးမှူးရုံးများ၌ နိုင်-၄ မှတ်တမ်းနှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး။ နေပြည်တော်၊ ဇူလိုင် ၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများလိုက်ပါကာ မဲစာရင်းမှန်ကန်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အထွေထွေရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်းများ၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြောက်ဥက္ကလာပမြို့နယ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအဖွဲ့များမှ တာဝန်ခံများအားတွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၊ဝန်ထမ်းများအား နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြရန်မှာကြား။ နေပြည်တော်၊ မေ ၂၈ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများနှင့်အတူ မေလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ဂေဟာ၊ ဧည့်ခန်းမ၌ ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား လူမျိုးစုအဖွဲ့များဖြစ်ကြသည့် မြို၊သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ရခိုင်လူမျိုးစု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ် များအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ အတွင်းမှီတင်းနေထိုင်ကြသည် တိုင်းရင်းသားအားလုံး၏ အရေးကိစ္စများအား အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကာလသည်လည်း… Read More >>