ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၁၄ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဇူလိုင်လ(၁၄)ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများနှင့် မိသားစုများအား e-ID စနစ်လုပ်ငန်းအတွက်ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု ကြည့်ရှုအားပေး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား နေပြည်တော်၊ ဇူလိုင် ၅ ။ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄)ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းဇယားအချက်အလက် လက်ခံမှတ်တမ်းများ စုစည်းသိမ်းဆည်းထားရှိမှု၊ ရုံးခန်းမအတွင်း ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များအား ကွန်ပျူတာ များဖြင့် ဖြည့်သွင်း၍ နေပြည်တော်(ရုံးချုပ်) ရှိ e-ID Sever မှ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာအတူတကွသုံးဆောင်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်။ နေပြည်တော်၊ ဇူလိုင် ၄ ။ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှု ရှိစေရေး၊ အထက်အောက်အပြန်အလှန် ချစ်ခင် လေးစား ယုံကြည်မှုရှိစေရေးနှင့် ပေးအပ်သည့်တာဝန်များကို အတူတကွ လက်တွဲပူးပေါင်းကာ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၄) ရက်၊ ယနေ့ နံနက် (၁၁)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာကို ထမင်းလက်စုံ သုံးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက် စားရိပ်သာအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ်ဦးစီးမှူး… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း e-ID စနစ်လုပ်ငန်းအတွက် ဝန်ထမ်းများနှင့် မိသားစုများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု လှည့်လည်ကြည့်ရှုအားပေး၊ ပြည်နယ်/ခရိုင်/မြို့နယ် များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား နေပြည်တော်၊ ဇူလိုင် ၀၃ ။ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင် သည် အီလတ်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၃) ရက် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တက္ကသိုလ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်မိသားစုများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး၊ ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံ၍ လုပ်ငန်းများပြီးစီးအောင်မြင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရေး ဆွေးနွေးမှာကြား နေပြည်တော်၊ ဇူလိုင် ၂ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့် တာဝန်ရှိသူများနှင့် အတူ ဇူလိုင် လ (၂) ရက် ယနေ့နံနက် (၈) နာရီက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်ရှိ ပြည်ပထွက်ခွာကောင်တာ၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများက ခရီးသည်များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် လူဝင်မှုစစ်ဆေးရေးကောင်တာများ၌ စက်များတပ်ဆင်ထားရှိမှု… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းကောက်ယူ ခဲ့သည့်စာရင်းများအတည်ပြုနိုင်ရေးနှင့် ပန်းခင်းစီမံချက်အဆင့်(၂) လျာထားချက်ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လုပ်ငန်းများအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းမှာကြား နေပြည်တော်၊ ဇူလိုင် ၁ ။ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဗဟိုကော်မတီအဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းများအား e-ID Server သို့ ထည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ် အတည်ပြုနိုင်ရေးနှင့် ပန်းခင်း စီမံချက်အဆင့်(၂) လျာထားချက်ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် သည်။ အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က… Read More >>
ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A. De Vega နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး နေပြည်တော်၊ ဇွန် 30 ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A. De Vega နှင့်အဖွဲ့အား ဇွန်လ(30)ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန… Read More >>
ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမျိုးသားမှတ်ပုံတင်လုပ်ငန်းဆိုင်ရာ မှတ်တမ်းများအား ကွန်ပျူတာစနစ် ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း Software အသုံးပြုနည်းသင်တန်း ဖွင့်ပွဲတက်ရောက်၊ နိုင်ငံတော်အတွက် အရေးပါသည့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းဖြစ်၍ ဂရုပြုဆောင်ရွက်ရန် မှာကြား နေပြည်တော်၊ ဇွန် ၂၆ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမျိုးသားမှတ်ပုံတင်လုပ်ငန်း ဆိုင်ရာ မှတ်တမ်းများအား ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထိန်းသိမ်းခြင်းလုပ်ငန်း (Digital Document Archiving System Software) အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ဇွန်လ (၂၆) ရက်၊ ယနေ့ နံနက်(၁၀)နာရီက နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင် ၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်နှင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်၊ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေး နေပြည်တော်၊ ဇွန် ၂၃ ။ “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ရာသီဉတု မျှတမှုရှိစေရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေရေး ရည်ရွယ်လျက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ ၂၃ ရက်၊ ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန၊ e-ID Department အဆောက်အဦသစ်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ (၂၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်၊ ဌာန၏ ရည်မှန်းချက်တာဝန်များကို စည်းလုံးညီညွတ်စွာဖြင့်ကျရာကဏ္ဍက ကြိုးပမ်း ထမ်းရွက်ကြရန် တိုက်တွန်းပြောကြား နေပြည်တော်၊ ဇွန် ၁၆ ။ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဇွန်လ (၁၆) ရက်၊ ယနေ့တွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက် (၅) နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္တန္တကေသရိန္ဒ အမှူးပြုသော ပင့်သံဃာဆရာတော် (၅) ပါး ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊… Read More >>