default-imageနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲတက်ရောက် ဘားအံ၊ နိုဝင်ဘာ ၄         ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။           ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်စာရင်းများမှန်ကန်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘားအံမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ထောက်ပံ့ငွေများ ပေးအပ်။ နေပြည်တော်၊ နိုဝင်ဘာ ၅ ။           နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသား ဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးအတွက် မိမိဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်တွင် အဆင့်(၁)ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ဖာပွန်မြို့နယ်၌သာ အခြေအနေအရ ဆောင်ရွက် ပေးရန် လျာထားချက် အနည်းငယ်သာ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ်ကူးပြောင်းရေးအတွက် မဖြစ်မနေဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၉။           ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများအား e-ID စနစ်လုပ်ငန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာအချက်အလက် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ တက်ရောက်၊ e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် အရေးပါသည့် လုပ်ငန်းဖြစ်သည့်အတွက် အလေးထားမှတ်သားဆောင်ရွက်ကြရန်တိုက်တွန်း။ နေပြည်တော်၊ အောက်တိုဘာ ၃၁။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ်လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခု ဖြစ်သော ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး မြင့်ကြိုင် ၊ e-ID  စနစ်လုပ်ငန်းကော်မတီ၊ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်း အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အဖက်ဖက်ကသုံးသပ်ကာ အကြံပြုဆွေးနွေးရန်တိုက်တွန်း။ နေပြည်တော်၊ အောက်တိုဘာ ၂၈  ။           e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် e-ID စနစ် လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၈) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊ နိုင်ငံတော်၏အနာဂတ်အတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ နေပြည်တော်၊ အောက်တိုဘာ   ၂၇       ။           ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ (၂၇)ရက်၊ ယနေ့နံနက် ၉ နာရီ၄၅မိနစ်က ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။           အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးတက်ရောက်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်း ခရိုင်ဦးစီးမှူးရုံးများအား ကြည့်ရှုကာ ဝန်ထမ်းများအား လုပ်ငန်းလိုအပ်ချက်များမှာကြား။ နေပြည်တော်၊ အောက်တိုဘာ     ၂၆    ။           နိုင်ငံတော်မှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးလုပ်ငန်းစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့်လုပ်ငန်းတစ်ရပ်မှာ မှန်ကန် သောမဲစာရင်းများပြုစုပြီး မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း လွတ်လပ်ပြီး တရားမျှတစွာ ဆန္ဒမဲပေး နိုင်ရေးပင်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ပြည့်စုံမှန်ကန်သော မဲစာရင်းများဖြစ်စေရေးအတွက် အဓိကတာဝန်ရှိသည့် ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မိမိတို့ ဝန်ကြီးဌာနတို့အနေဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက် များ၊ ပေါင်းစပ်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံအစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်းဖြင့် အောက်တိုဘာလ    (၂၆) ရက်၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ မြန်မာ-နီပေါ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ အောက်တိုဘာ ၂၁ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire  နှင့်အဖွဲ့အား အောက်တိုဘာလ (၂၁) ရက်၊ ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-နီပေါ နှစ်နိုင်ငံ၏ ကောင်းမွန်သော ဆက်ဆံရေးသည် ရှေးယခင်ကပင် ဖြစ်တည်ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ လုပ်ထုံး လုပ်နည်းနှင့်အညီ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ အောက်တိုဘာ ၂၀ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား အောက်တိုဘာလ (၂၀) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ အောက်တိုဘာ ၁၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာလ (၁၈) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။          … Read More >>