default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူမျိုးပေါင်းစုံ/ဘာသာပေါင်းစုံကိုယ်စားလှယ်များအားတွေ့ဆုံ၍ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြား၊ e-ID စနစ်အတွက် Unique ID နံပါတ် ထုတ်ပေး ခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ထိရောက်မှန်ကန်မြန်ဆန်စွာဆောင်ရွက် နိုင်ရေး ရှင်းလင်းဆွေးနွေး  နေပြည်တော်၊ အောက်တိုဘာ ၂၂ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ လူမျိုးပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များအား အောက်တိုဘာလ (၂၂) ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြား ရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှ ရေဘေးသင့်ပြည်သူ များအား ပျောက်ဆုံး၊ ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဥပဒေနှင့်အညီ ပြန်လည်စိစစ်ထုတ်ပေးခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုအားပေး။  နေပြည်တော်၊ အောက်တိုဘာ ၈ ။           ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၈ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာရှိ ပေါက်မြိုင်တိုက်သစ်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့က လှူဘွယ်ဝတ္ထုနှင့်နဝကမ္မအလှူငွများ ဆက်ကပ်လှူဒါန်းကြပြီး ရေဘေးသင့်ပြည်သူများ… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်ဆောင်ရွက်ထုတ်ပေးမှု နှင့် သန်းခေါင် စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး ကလောခရိုင်နှင့် မြို့နယ်ရုံးအဆောက်အဦများ ပြန်လည် ပြင်ဆင်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး။  နေပြည်တော်၊ အောက်တိုဘာ ၇ ။ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး(၁)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့သို့ သွားရောက်၍ ကလောမြို့၊ အမှတ် (၁)နှင့် (၅) ရပ်ကွက်သို့  စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုကာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး  နေပြည်တော်၊ အောက်တိုဘာ ၅ ။ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကို လှည့်လည်ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဇဝနသိဒ္ဓိရပ်ကွက်သို့ လည်းကောင်း၊ သစ်ဝင်တိုင်းကျေးရွာသို့လည်းကောင်း သွားရောက်၍ ရပ်ကွက်/ကျေးရွာ ကောက်ကွက်များအလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက တစ်အိမ်တက်ဆင်း လှည့်လည်ကာ Mobile… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး  နေပြည်တော်၊အောက်တိုဘာ ၃ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာလ (၃) ရက်၊ ယနေ့နံနက် (၉) နာရီ မိနစ် (၂၀) တွင်… Read More >>
default-imageနိုင်ငံတစ်ဝန်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိသားစု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာ သို့လာရောက်၍ စာရင်းကောက်ယူ။ နေပြည်တော်၊ အောက်တိုဘာ ၁ ။           ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ(၁၅)ရက်အထိ (၁၅) ရက် ကြာကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။           ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း… Read More >>
default-imageဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဝန်ကြီးဌာန၏ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ဥပဒေသင်တန်း ဖွင့်ပွဲတက်ရောက်၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်ပြီး ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။  နေပြည်တော်၊စက်တင်ဘာ ၃၀ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ဥပဒေ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၃၀)ရက်၊ ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားအရာထမ်းဝန်ထမ်းများ တက်ရောက်ကြသည်။           အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌ ဖွင့်လှစ်လျက်ရှိ သည့် သန်းခေါင်စာရင်းဆိုင်ရာ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား လှည့်လည် ကြည့်ရှုအားပေး၊ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်နယ်များအား အိမ်ထောင်စုလူဦးရေစာရင်း များပေးအပ်။  နေပြည်တော်၊စက်တင်ဘာ ၂၀ ။ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၂၀ ရက် ၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ နှင့် သာသနာ့ဗိမာန်တို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် မြို့နယ်စားရင်းစစ်၊ စာရင်းကောက်သင်တန်းများသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။  နေပြည်တော်၊စက်တင်ဘာ ၁၈ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား စက်တင်ဘာလ (၁၈) ရက်၊ ယနေ့မွန်းလွဲ(၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ သည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်အားပေး၊ ပထမဆုရရှိသည့် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုပေးအပ်ချီးမြှင့်။ နေပြည်တော်၊ စက်တင်ဘာ ၁၄ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၄) ရက်၊ ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အေရုံ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်ဘော်လီဘောအသင်းများ တက်ရောက်ကြပြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝန်ကြီးရုံးနှင့်e-ID… Read More >>