ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောပြိုင်ပွဲ အားကစားသမားများ အား တွေ့ဆုံကာ အောင်စိတ်မွေး၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး လေ့ကျင့်ယှဉ်ပြိုင်ကြရန် အားပေး စကားပြောကြား။ နေပြည်တော်၊ နိုဝင်ဘာ ၂၉ ။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအားကစား သမားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တွေ့ဆုံအားပေးစကားပြောကြားခြင်းအခမ်းအနားကို နိုဝင်ဘာလ (၂၉) ရက်၊ ယနေ့ညနေ (၄) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရှေးဦးစွာ အားကစားအသင်းတာဝန်ခံ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက ဝန်ကြီးဌာန အမျိုးသား… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အမြင်ခြင်းဖလှယ်ဆွေးနွေး။ နေပြည်တော်၊ နိုဝင်ဘာ ၂၂။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဌာန၊ ဒုတိယဝန်ကြီး Mr. Xu Ganlu နှင့်အဖွဲ့အား နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Double Tree Hilton ဟိုတယ်၊ Shang Shui Ballroom… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ ရွှေလီ (ကြယ်ဂေါင်) နှင့် မူဆယ် (နန်းတော်) ဂိတ်များ၌ လုံခြုံရေးအရစိစစ်၍ နှစ်နိုင်ငံနယ်စပ် ပြည်သူများ ဖြတ်သန်းသွားလာမှုအဆင်ပြေစေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၊ မူဆယ် ခရိုင်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်သည်များမှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၂1။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် နိုဝင်ဘာလ (၂0) ရက်၊ နံနက်ပိုင်းတွင် ယူနန်ပြည်နယ်၊ မန်စီမြို့မှ မြန်မာနိုင်ငံနယ်စပ် ရွှေလီမြို့သို့သွားရောက်၍ ရွှေလီမြို့၊ ကြယ်ဂေါင်လူဝင်မှုစစ်ဆေးရေးဂိတ်သို့ရောက်ရှိရာ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေး ဌာနမှူး Mr.Jiang Bing… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ဗဟိုထိန်းချုပ်ရေးစင်တာတို့၌ နိုင်ငံတကာသို့တင်ပို့မည့် မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းတင်ကွန်တိန်နာများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများ လှည့်လည်ကြည့်ရှုလေ့လာ။ နေပြည်တော်၊ နိုဝင်ဘာ ၂၀။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အဖွဲ့ဝင် များနှင့်အတူ နိုဝင်ဘာလ (၁၇) ရက်၊ နံနက် (၈) နာရီမိနစ် (၄၀) က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ… Read More >>
ပြည်သူများသို့ အသိပေးကြေညာချက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး (ဟစ်တိုင်) ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့်ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား(အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထား ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ရာ တွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ် အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃)ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင် အံ့မှူးပါ (၁၁)ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ (၅)ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော် အား မော်လမြိုင်မြို့မရဲစခန်းနှင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ်နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားများသို့ လှည့်လည် ကြည်ရှု့စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြား၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် တာချီလိတ်ခရိုင်ဦးစီးမှူးရုံး ပြန်လည်ပြင်ဆင်နိုင်ရေး စစ်ဆေးမှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၈။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံ ဆိပ်ကမ်း လှေဆိပ်နေရာနှင့် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်သို့ သွားရောက် ရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝမ်ပုံဆိပ်ကမ်း… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ လဝကဝန်ထမ်းများအား တွေ့ဆုံ မှာကြား၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည်ရှု့စစ်ဆေးကာ နှစ်နိုင်ငံနယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များ မေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေး။ နေပြည်တော်၊ နိုဝင်ဘာ ၇။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် တို့နှင့်အတူ နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်) အား ဖူးမြော်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားကြပြီး… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ လုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြား။ နေပြည်တော်၊ နိုဝင်ဘာ ၆။ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်အတူ နိုဝင်ဘာလ (၅) ရက်၊ ညနေ (၅) နာရီခွဲက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင် ရွက်သည့် ဌာနပိုင် ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များ မှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၄။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၄)ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်သည့် ဌာနပိုင် ဇင်ယော်(၁)၊ (၂)၊ (၃) ရေယာဉ် (၃)စီးအား သွားရောက် ကြည်ရှုစစ်ဆေးရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဇင်ယော်ရေယာဉ်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ တည်ဆဲဥပဒေများနှင့်အညီနေထိုင်နိုင်ရေး ဆွေးနွေးမှာကြား နေပြည်တော်၊ အောက်တိုဘာ ၃၁ ။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို အောက်တိုဘာလ ၃၁ ရက်၊ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ် များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်းအကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက်… Read More >>