default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) တက်ရောက်၊ ကော်မတီအဆင့်ဆင့်မှ စိစစ်အတည်ပြု ပြီးသည့် စာရင်းများအား ဗဟိုကော်မတီမှတစ်ဆင့် ဆက်လက်တင်ပြဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြား နေပြည်တော်၊ ဇွန် ၉ ။           မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃) ကို ဇွန်လ ၉ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ဆက်လက်သက်တမ်း တိုးရေးနှင့် ပြည်ဝင်ဗီဇာလွယ်ကူစေရေး ဆွေးနွေးပြောကြား နေပြည်တော်၊ ဇွန် ၁ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ဇွန်လ (၁) ရက်၊ ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းဆိုင်ရာများဆွေးနွေး။ နေပြည်တော်၊ မေ 31 ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့ အား မေလ(၃၁)ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံသည်။
          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊… Read More >>
default-imageရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လှဖိုးခေါင်၊ ငါးခူရနှင့် တောင်ပြိုလက်ဝဲစခန်းများသို့သွားရောက်ကြည့်ရှုစစ်ဆေး။ စစ်တွေ၊ မေ ၂၇   ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် မေ ၂၇ ရက်နံနက်ပိုင်းက စစ်တွေမြို့မှ တပ်မတော် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိခဲ့ပြီး ရှေ့ပြေးစမ်းသပ်စီမံကိန်းအရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ စခန်းတာဝန်ခံက ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက စစ်ဆေးလက်ခံမည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီ ဦးမြင့်ကြိုင်၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုဒဏ်ခံရသည့် စစ်တွေမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးအဆောက်အဦးများ ထိခိုက်ပျက်စီးမှုလှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ မေ ၂၆။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင် သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ မေ လ ၂၆ ရက်၊ ယနေ့ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများသို့ လှည့်လည် သွားရောက်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။ နေပြည်တော်၊ မေ ၁၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi အား မေလ (၁၈) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk) မြို့ရှိ နိုင်ငံတကာ လေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းတွင် ရွေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုများအား ကြည့်ရှုလေ့လာ နေပြည်တော်၊ မေလ ၆ ရက်နေ့  ။           ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ(၅)ရက် နံနက်ပိုင်းတွင် မင့်စ်ခ် မြို့ရှိ နိုင်ငံတကာလေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းသို့သွားရောက်ခဲ့ရာ ကျောင်းအုပ်ကြီး Major General Vasilyev Aleksandr Pavlovich နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ခွန်းဆက်သကြပါသည်။ ထို့နောက်ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံ နှင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးမှု တားဆီးရေး ဆိုင်ရာများနှင့်ပတ်သတ်၍ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ၊ နိုင်ငံခြားသားသင်တန်းသား များအတွက်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) မြို့၌  နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ e-ID ကတ် နှင့် Passport အတွင်းသို့ Biometric အချက်အလက် ဖြည့်သွင်းမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုလေ့လာ။ နေပြည်တော် ၊ မေ ၅။           ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ (၄)ရက် နံနက်ပိုင်းတွင်  မင့်စ်ခ်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက် လေ့လာခဲ့ရာ ဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့်  ဘယ်လာရုစ်ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ် ဖွဲ့စည်းထားရှိမှုအခြေအနေ၊ စနစ်အတွက် လိုအပ်သည့် စီမံကွပ်ကဲမှုလုပ်ငန်းစဉ်များ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့၌ ပြည်ထဲရေး ဝန်ကြီးဌာန First Deputy Minister, Major General Nazarenko Yuryi Gennadievich နှင့်တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများဆွေးနွေး၊  အမျိုးသားအီလက်ထရောနစ်ဗဟိုထိန်းချုပ် ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ။ နေပြည်တော်၊ မေ ၄ ။           ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့် အဖွဲ့သည် မေလ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့်ထွက်ခွာခဲ့ရာ မေလ ၂… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း စီမံချက်အား ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး နည်းလမ်းများရှာကြံကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား။ နေပြည်တော်၊ မေ ၂ ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် သန်းခေါင်စာရင်းယူနစ်များ(Census Units) ဖွဲ့စည်း ခြင်းလုပ်ငန်းစီမံချက်အား တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအား ရှင်းလင်းဆွေးနွေးပွဲကို မေလ (၂) ရက် ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊… Read More >>