ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-ID Server သို့ အချက်အလက်များဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီအမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြား နေပြည်တော်၊ ဩဂုတ် ၂၅ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး ရှိ မြို့နယ်ဦးစီးမှူးရုံးများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များအား e-ID Server သို့ အချက်အလက် များ ဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၂၅)ရက်၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်… Read More >>
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် အမှာစကား ပြောကြား နေပြည်တော်၊ ဩဂုတ် ၂၂ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှစကားပြောကြား သည်။ အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဉက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ နိုင်ငံတော်၏လိုအပ်ချက်အရ ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် လက်ငင်းဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများ မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြား နေပြည်တော်၊ ဩဂုတ် ၁၅ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ အဂတိတရားကင်းစင်ပြီး ပြည်သူကယုံကြည်ကိုးစားသည့် ဝန်ထမ်းများအဖြစ် ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးရှင်းလင်းမှာကြား နေပြည်တော်၊ ဩဂုတ် ၁၁ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စာမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်၊ ယနေ့နံနက် (၁၀) နာရီ က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်.ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာန (ဘန်ဂလော) နှင့် IIIT Bangalore သို့ သွားရောက်၍ Aadhaar စနစ်နှင့် MOSIP စနစ်တို့၏ နည်းပညာဆိုင်ရာများ လေ့လာညှိနှိုင်းဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၉ ။ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ဇူလိုင်လ (၂၈)ရက် နံနက်ပိုင်းတွင် ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး အစည်းအဝေးခန်းမ၌ UIDAI မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Annie Joyce က လာရောက်လေ့လာမှုအတွက် ကြိုဆို ပါကြောင်းနှင့် Aadhaarစနစ်၏… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Aadhaar Center ဒေသဆိုင်ရာရုံး သို့သွားရောက်၍ ပြည်သူများအား Aadhaar နံပါတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှု့လေ့လာ။ နေပြည်တော်၊ ဇူလိုင် ၂၇။ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် လိုက်ပါလျက် ဇူလိုင်လ (၂၆)ရက် နံနက်ပိုင်းက နယူးဒေလီမြို့ရှိ Aadhaar Center ဒေသဆိုင်ရာရုံးသို့သွားရောက်ရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး လုပ်ငန်းတာဝန်ခံက ဒေသတွင်းရှိ ပြည်သူများအား Aadhaar စနစ်ဖြင့် Enrolment ဆောင်ရွက်နေမှုနှင့် Update လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်အဖွဲ့သည် ဒေသဆိုင်ရာရုံးအတွင်း ဒေသတွင်းပြည်သူများအား Aadhaar… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးလေ့လာရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ၊ နယူးဒေလီမြို့ရှိ UIDAI ရုံးချုပ်သို့ သွားရောက်၍ Aadhaar စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၆။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင်လ(၂၄)ရက် နံနက်(၉)နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Nabanita Chakrabarti က လေဆိပ်ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ၍… Read More >>
ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာန၏လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မှန်ကန်သောအချက်အလက်များဖြစ်စေရေးအတွက် တာဝန်ယူမှု၊တာဝန်ခံမှုဖြင့်အဆင့်ဆင့်ကွပ်ကဲကြပ်မတ်ဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ ဇူလိုင် ၂၀ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းပြင်ဆင်ဖြည့်စွက်သည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၂၀)ရက်၊ ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေးဆွေးနွေး။ နေပြည်တော်၊ ဇူလိုင် ၁၇ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဇူလိုင်လ (၁၇) ရက်၊ ယနေ့နံနက် (၁၀) နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ သည်။ ထိုသို့တွေ့ဆုံရာတွင်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၁၄ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဇူလိုင်လ(၁၄)ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး… Read More >>