ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအားတွေ့ဆုံ၍ မဲစာရင်းတိကျမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်အဆင့် (၃) အောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများမှာကြား နေပြည်တော်၊ မေ ၂၃။ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မကွေးတိုင်းဒေသကြီး မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့်အတူ မေလ ၂၃ ရက်၊ ယနေ့နံနက် (၁၀) နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။ အစီအစဉ်အရ ရှေးဦးစွာ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်များအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လိုအပ်သည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး နေပြည်တော်၊ မေ ၁၆ ။ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၁၆ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံး သွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်း… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် ရှင်းလင်းပြောကြား နေပြည်တော်၊ မေ ၈။ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ မေလ (၈) ရက်၊ နံနက်(၉)နာရီခွဲက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ကျင်းပ သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့တက်ရောက်သည်။ အစီအစဉ်အရ ရှေးဦးစွာ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား Biometric ကောက်ယူမှုနှင့် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးပြီး ကြည့်ရှု့အားပေး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းစဉ်များ သက်မှတ်ကာလ အတွင်း ပြီးစီးအောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား နေပြည်တော်၊ မေ ၇။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ မေလ (၇) ရက် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောင်းကုန်း မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးဝန်းအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုံမြို့နယ်ဦးစီးမှူးရုံး၏ ရုံးအဆောက်အဦနှင့် ရုံးသုံးပစ္စည်းများ လုံခြုံမှုရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်မှာကြား၊ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဆောင်ရွက်ပေးမှုကြည့်ရှု နေပြည်တော်၊ မေ ၆ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ မေလ (၆) ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုံမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးခန်းများ အခြေအနေနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ရုံးအဆောက်အဦနှင့် ရုံးစာရွက်စာတမ်းများ၊ ရုံးသုံးပစ္စည်းများ လုံခြုံရေးအတွက် စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိရေး၊ တာဝန်ကျဝန်ထမ်းများ စနစ်တကျ… Read More >>
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပျဉ်းမနားမြို့နယ်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးမှု ကြည့်ရှုအားပေး၊ ငလျင်ဒဏ်ခံခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး။ နေပြည်တော်၊ ဧပြီ ၂၄ ။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၄) ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ တပေါင်းကွင်း၌ မြေငလျင်ဒဏ်ခံရသည့် ပြည်သူ များအတွက် ဖွင့်လှစ်ထားရှိသည့် မြို့နယ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အဆိုပါစခန်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်း နေရာချထားသည့် နေရာအသီးသီးသို့ လှည့်လည်ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး။ နေပြည်တော်၊ ဧပြီ ၂၃ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၃) ရက်၊ ယနေ့နံနက် (၉)နာရီက ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများအား တွေ့ဆုံကာ ဝန်ထမ်းများ၏ နေထိုင် စားသောက်ရေးနှင့် ရုံးပြန်လည်တက်ရောက်မှုအခြေအနေများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိ မှု၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့… Read More >>
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်မှာကြား၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းများ ရုံးပြန်လည်တက်ရောက်နေမှုနှင့် ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေရာချထားသည့် နေရာ အသီးသီးသို့လိုက်လံ ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်။ နေပြည်တော်၊ ဧပြီ ၂၂ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဌာနအဆင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၂၂)ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်း အခမ်းအနားတက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း။ နေပြည်တော်၊ ဧပြီ ၁၇ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့ ဝေဠုဝန်ကျောင်းဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာတော်ငါးပါး ကြွရောက်တော်မူကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲ၊ ဝန်ထမ်းများနှင့်မိသားစုများအား သပြေခက်ဖြင့် အတာရေပက်ဖြန်း ပေး၍ စတုဒီသာ အာဟာရကျွေးမွေးမှု ကြည့်ရှုအားပေး။ နေပြည်တော်၊ ဧပြီ ၁၂ ။ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်ကို ဧပြီလ (၁၂) ရက်၊ ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဌာနရုံး စင်ဝင်ပတ်လမ်း၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ တက်ရောက်ပါဝင်ဆင်နွှဲကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်္ကြန်ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး… Read More >>