default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်း ဆင်းပွဲတက်ရောက်၊ မိမိတို့၏အတွေ့အကြုံများနှင့် သင်ခန်းစာပို့ချချက်များ ပေါင်းစပ်ကာ ဆင့်ပွား သင်တန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား  နေပြည်တော်၊ဩဂုတ် ၁၂  ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့် နည်းပြသင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၂ ရက်၊ ယနေ့မွန်းလွဲ(၃)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား အရာရှိများတက်ရောက်ကြ သည်။           အစီအစဉ်အရ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး(၁) ဒုတိယဝန်ကြီး ဦးဌေးလှိုင် က အမှာစကားပြောကြားရာတွင်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီး ဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး  နေပြည်တော်၊ဩဂုတ် ၇  ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဩဂုတ်လ (၇) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကလှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ ထုတ်ပိုးပြင်ဆင် ဆောင်ရွက်နေမှုကြည့်ရှုအားပေး  နေပြည်တော်၊ ဩဂုတ် ၅။ နိုင်ငံနှင့်ပြည်သူအတွက် စွ့န်လွှတ်စွန့်စားသောစိတ်ဓာတ်များဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ ဩဂုတ်လ ၅ ရက်၊ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ရှေ့တန်းစခန်းအသီးသီးသို့ ပေးပို့နိုင်ရေးအတွက် စိတ်ရင်းစေတနာ၊ စာနာနားလည်မှု မေတ္တာတရားတို့ဖြင့် စိတ်အားထက်သန်စွာ စုပေါင်းပြင်ဆင်ထုတ်ပိုးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး  နေပြည်တော်၊ဩဂုတ် ၆  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ဩဂုတ်လ (၆) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်… Read More >>
default-image  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲတက်ရောက်၊ သင်တန်းမှပို့ချက်များအပြင် ယခင်အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ လက်အောက်သို့ ရှင်းလင်းဆွေးနွေးသင်ကြားပေးကြရေး တိုက်တွန်းမှာကြား  နေပြည်တော်၊ ဩဂုတ် ၁။ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ဩဂုတ်လ (၁) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့် ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းသင်တန်းနည်းပြများနှင့် သင်တန်းသား၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်းဦးစားပေးဆောင်ရွက်နေသည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်၊ ကန့်သတ်ချက်အမျိုးမျိုးနှင့် အခက်အခဲမျိုးစုံကြားမှ အောင်မြင်အောင်  ကြိုးပမ်းဆောင်ရွက်ကြရေးတိုက်တွန်းမှာကြား  နေပြည်တော်၊ ဇူလိုင် ၃၁။  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်ငင်း ဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်၊ ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး  နေပြည်တော်၊ ဇူလိုင် ၂၄  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ဇူလိုင်လ (၂၄) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး မြန်မာ-အိန္ဒိယ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးတက်ရောက်၊ နေခွင့်လျှောက်ထားသူများအား လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး အဖက်ဖက်မှသုံးသပ်အကြံပြုဆွေးနွေးပေးကြရန်ပြောကြား နေပြည်တော်၊ ဇူလိုင် ၁၈။           မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များအား အိန္ဒိယနိုင်ငံမှနည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲသို့တက်ရောက်၊ တွေ့ကြုံရသည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးရန်မှာကြား  နေပြည်တော်၊ ဇူလိုင် ၁၇  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာဆောင်ရွက်ချက်များအား အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်၊ မွန်းလွဲ (၃) နာရီ က အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တက်ရောက်၍အမှာစကား ပြောကြားရာတွင် အိန္ဒိယနိုင်ငံ Aadhaar စနစ်သည် အောင်မြင်သည့် နည်းပညာတစ်ခုဖြစ်ပြီး ယင်း Aadhaar စနစ်ကိုလေ့လာ၍ ယခု… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင်  ပူးပေါင်းကူညီဆောင်ရွက်ပေး နိုင်ရေးဆွေးနွေး  နေပြည်တော်၊ ဇူလိုင် ၁၆  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဇူလိုင်လ (၁၆) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ… Read More >>