default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီး Mr.Daba Debele Hunde နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး  နေပြည်တော်၊ ဇူလိုင် ၁၁  ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုးပီးယားနိုင်ငံသံအမတ်ကြီး Mr. Daba Debele Hunde နှင့်အဖွဲ့အား ဇူလိုင်လ (၁၁) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသားများအား ရှာဖွေ… Read More >>
default-imageနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်အမှာစကား ပြောကြား  နေပြည်တော်၊ ဇူလိုင် ၁၁  ။           ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။           အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးဗဟိုကော်မတီ နှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် ဖိတ်ကြားထားသူများတက်ရောက် ကြသည်။           ဦးစွာ သန်းခေါင်စာရင်းကော်မရှင်နာယက နိုင်င့တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲ သို့တက်ရောက်၍ Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး နေပြည်တော်၊ ဇူလိုင် ၄။       ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Boardများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ  ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာအသိပညာပေး Bill Board စိုက်ထူပွဲကို ဇူလိုင်လ (၄)ရက် ယနေ့နံနက် (၈)… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တက်ရောက်၊ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်း အချက်အလက်များပြည့်စုံမှန်ကန်ရေးနှင့် အတည်ပြုစာရင်းများ သတ်မှတ်ကာလအတွင်းပေးပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။ နေပြည်တော်၊ ဇွန် ၂၈ ။           မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကို ဇွန်လ (၂၈) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြ သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ ဥတ္တရသီရိမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲ သို့တက်ရောက်၍ Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၊၊ နေပြည်တော်၊ ဇွန် ၂၇၊           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Boardများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ  ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဥတ္တရသီရိခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာအသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ (၂၇)ရက် ယနေ့နံနက်၈နာရီခွဲက… Read More >>
default-imageဝ အထူးဒေသ (၂)၊ မိုင်းပေါက်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး Bill Board  စိုက်ထူ၊ သန်းခေါင်စာရင်းနည်းပြသင်တန်း ဖွင့်လှစ် ပို့ချ။ နေပြည်တော်၊ ဇွန် ၂၅ ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူ နိုင်ရေးအတွက် လူထုအသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူခြင်းကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၌ ခရိုင်အလိုက် မြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ ဝ အထူးဒေသ (၂) မိုင်းပေါက်ခရိုင်အတွင်း သန်းခေါင် စာရင်းဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲသို့ တက်ရောက်၍ Bill Board အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၊၊ နေပြည်တော်၊ ဇွန် ၂၁၊           ” ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းတစ်ရပ် ဖြစ်သည့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ Bill Boardများကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ  ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူ ရေးဆိုင်ရာအသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ (၂၁)ရက် ယနေ့နံနက်၈နာရီခွဲ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၊ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား အားပေးစကားပြောကြား၊ ပန်းခင်းစီမံချက်အဆင့်(၃)ကွင်းဆင်း ဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး။ နေပြည်တော်၊ ဇွန် ၂၀။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို ဇွန်လ(၂၀) ရက် ၊  ယနေ့နံနက် (၉) နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြိတ်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ပြည်သူ အပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရေး အလေးထားဆောင်ရွက် ရန်မှာကြား။ နေပြည်တော်၊ ဇွန် ၁၉။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁၉) ရက် ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ၊ လဲလှယ် လျှောက်ထားသူ၊ အိမ်ထောင်စု ပြောင်းဝင်/ပြောင်းထွက်ဆောင်ရွက်သူ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက် ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်သူ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၄) ဖွင့်ပွဲ တက်ရောက်၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။ နေပြည်တော်၊ ဇွန် ၁၇။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစွာ အနီးကပ်ကြီးကြပ် ဆောင်ရွက် နိုင်ရေးအတွက် သန်းခေါင်စာရင်းအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၄) ဖွင့်ပွဲကို ဇွန်လ (၁၇) ရက်၊  ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်း နည်းပြများနှင့်တာဝန်ရှိသူများ၊… Read More >>