default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျောက်တံတားမြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် အသုံးပြုမည့်ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုကြည့်ရှုစစ်ဆေး၍ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်မှာကြား နေပြည်တော်၊ မေ ၁။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မေလ (၁) ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ဝင်/ပြည်ပြန် ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲရုံးခန်းသို့ရောက်ရှိရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မော်တော်ယာဉ်၊ ရေယာဉ်ဌာနစိတ် (ရန်ကုန်) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ဇင်ယော် (၁)၊(၂)၊(၃) ရေယာဉ်များ၏ သမိုင်းကြောင်း၊ ရေယာဉ်တစ်စီးချင်း အလိုက် ဝန်ထမ်းများ တာဝန်ချထားမှု၊ ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် နှစ်စဉ်ပြုပြင် ပြင်ဆင်မှုနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး။ နေပြည်တော်၊ ဧပြီ ၂၉ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၉ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၏ သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ် ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာန၏ ကွန်ပျူတာခန်းမ၌ ကွန်ပျူတာစစ်ဆေးသည့်နေရာသို့ ရောက်ရှိကြည့်ရှုအားပေးရာ စစ်ဆေးရေးကြီးကြပ်အဖွဲ့မှ တာဝန်ရှိသူများက ကွန်ပျူတာဝင်ရောက်ဖြေဆိုမှုနှင့် အဖွဲ့ခွဲအလိုက် စစ်ဆေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြေဆိုသူများ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ စိန်ခေါ်မှုများရှိနေသော်လည်း မဖြစ်မနေပြီးမြောက်အောင်မြင် အောင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း။ နေပြည်တော်၊ ဧပြီ ၂၆ ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ(၂၆)ရက်၊ မွန်းလွဲ (၂) နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်၊ နိုင်ငံတော်အတွက် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက် များရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား။ နေပြည်တော်၊ ဧပြီ ၉။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာ တွေ့ဆုံပွဲကို ဧပြီလ ၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ… Read More >>
default-imageပြည်သူများသို့ အသိပေးကြေညာချက်           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက် (၁၀) နှစ်အထက်ရှိသူများကို electronic စနစ် ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀) လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ Biographic/ Biometric အချက်အလက်များမှတ်ပုံတင် ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန်လိုအပ်ပါသည်။           မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သို့ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာရာတွင် သတ်မှတ် ထားသည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများအား စစ်ဆေး၍ လုပ်ငန်းဆိုင်ရာများမှာကြား နေပြည်တော်၊ မတ် ၂၈။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၈ ရက်၊ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့သို့သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်အချက်အလက်များ စိစစ်မေးမြန်းအတည်ပြု ဆောင်ရွက် နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်၌ တာဝန်ထမ်းဆောင်နေသည့်ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဝန်ထမ်းများအား ပေါင်းစပ်ညှိနှိုင်းကူညီရေးဆွေးနွေး  နေပြည်တော်၊ မတ် ၂၅  ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ အား မတ်လ (၂၅) ရက်၊ ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် ပြည်ထောင်စုနယ်မြေမှ လျှောက်ထားကြသူများ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး နေပြည်တော်၊ မတ် ၁၆ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ဌာန၏လက်ငင်းဦးစားပေး ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းအချက်အလက်များ တိကျမှန်ကန်စေရေး တိုက်ဆိုင်စိစစ်ဆောင်ရွက် ခြင်း၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်များဆောင်ရွက်ခြင်း၊ e-ID စနစ်အတွက်လူတစ်ဦးချင်းစီ၏ Biographic/ Biometric ကောက်ယူခြင်း၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်း များအားလုံးနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ အင်ပြည့်အားပြည့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှု… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူ များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု၊ Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး၊ ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး ၏ လုပ်ငန်းဆောင်ရွက်မှုများ စစ်ဆေးမှာကြား နေပြည်တော်၊ မတ် ၇။      လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ မတ်လ ၇ ရက်၊ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီးအပေါ်ထပ်ခန်းမ၌ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီ ရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ငူတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများနှင့် တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍  e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး၊ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ(၂၆)ရက် နံနက်ပိုင်းက တောင်ငူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ရှေးဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုးနှင့်တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။     ထို့နောက်ပြည်ထောင်စုဝန်ကြီးကမဲစာရင်းမှန်ကန်ရေးအတွက်ကြိုးပမ်းဆောင်ရွက်မှုနှင့်အချက်အလက်များ မှန်ကန်ရေးအတွက်‌ ဆောင်ရွက်နေမှု၊မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင် နိုင်ရေး အတွက်ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း… Read More >>