default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း ခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲတက်ရောက်၊ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး အတွက် အစဉ်လေ့လာသင်ယူကြရေး ရှင်းလင်းပြောကြား။ နေပြည်တော်၊ ဇွန် ၂၁ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၁)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ စီမံချက်အောင်မြင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆင်ရေးတစ်ရပ် အသွင် အလေးထားကာအင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ မေ ၇ ။ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ဆောင်ရွက်မည့် ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ (၇) ရက်၊ နံနက် (၉) နာရီ တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားများအတွက်ကောင်းမွန်သော အကြံဉာဏ်ကောင်းများဖြင့်ဆွေးနွေးပေးကြရန်တိုက်တွန်း။ နေပြည်တော် ၊ ဧပြီ ၂၇။ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ ဧပြီလ (၂၇) ရက်၊ နံနက် (၁၀) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ပတွင် အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဥတ္တရသီရိမြို့နယ်ရှိဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ ဝန်ကြီးဌာန၏ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်ပွဲတက်ရောက်။ နေပြည်တော်၊ ဇွန် ၇ ။ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇွန်လ ၇ ရက်၊ ယနေ့ နံနက် (၉) နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတက်ရောက်၊ မိမိတို့၏ လိုအပ်ချက်များ၊ ဌာနမှ ဖြည့်ဆည်းပေးရန်များကို ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန် တိုက်တွန်းမှာကြား။ ဧပြီ ၁၂ ။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲကို ယနေ့ ဧပြီလ(၁၂)ရက်၊ နံနက် (၁၁) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနအသီးသီးမှ ဝန်ထမ်းများတက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယခု ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲသည် ပြီးခဲ့သည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် CMP လုပ်ငန်းများ အောင်မြင်ရေးအတွက် အလေးထားဆွေးနွေးပေးကြရန် တိုက်တွန်းမှာကြား။ နေပြည်တော် ၊ မတ် ၁၇။ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားလုပ်ငန်း (Cutting , Making , Packaging) CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၇) ရက် ယနေ့ မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်း အနားသို့ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခ လစာ ပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးညှိနှိုင်း အစည်း အဝေးတက်ရောက်၊ စက်မှုဇုန်ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေး။ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ။ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခလစာပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၂၃) ရက်၊ မွန်းလွဲ (၂) နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော်ထုတ်ပွဲတက်ရောက်၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်‌ရေးမှာကြား။၊ ဖေဖော်ဝါရီ ၁၁။ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမများ၌ ကျင်းပသည့် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလအတွက် အလုပ်သမားရေးရာ ဆိုင်ရာ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲများသို့ တက်ရောက်အမှာစကားပြောကြားသည်။ အလုပ်သမားရေးရာဆိုင်ရာဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများဆန္ဒဖော် ထုတ်ပွဲကို လစဉ်ကျင်းပဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဆောင်ရွက်မှု အခက်အခဲများ၊ နေထိုင်သွားလာရေးဆိုင်ရာ အခက်အခဲများနှင့်ပတ်သက်၍ အသီးသီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက် ၊ ဌာန၏ လုပ်ငန်းအားလုံးသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ဝန်ထမ်းအားလုံး အလေးအနက်ထားဆောင်ရွက်ရန်မှာကြား။ နေပြည်တော်၊ ဖေဖော်ဝါရီလ ၃ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ(၃)ရက် ၊ ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့်ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ COVID-19… Read More >>
default-imageနိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများ၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် နှစ်စဉ်သက်တမ်း အတည်ပြုလဲလှယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးခြင်း မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ပြည်ဝင်ဗီဇာ တစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး ရက်ပေါင်း (၉၀) ထက် ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၆(၁)(ခ)(ဂ) တို့အရ YGN သင်္ကေတဖြင့် နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင်ရပါသည်။ YGN သင်္ကေတ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာလ (၃၀) ရက်နေ့ တွင် သက်တမ်းကုန်ဆုံးပါသည်။ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၇(၂)(ခ) အရ သက်တမ်းကုန်ဆုံးသည့်နေ့မှ ရက်… Read More >>