default-image  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်း(၂)စီမံချက်ဆောင်ရွက်မှုနှင့် လူဦးရေစာရင်းမှန်ကန်ရေး အတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ နိုင်ငံတော် ၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ ဒီဇင်ဘာ ၂ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် ပန်းခင်း(၂)စီမံချက်ဆောင်ရွက်မှုနှင့် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကိုသိရှိပြီး စနစ်တကျကိုင်တွယ် ထိန်းသိမ်းရန်ပြောကြား။ နေပြည်တော်၊ နိုဝင်ဘာ ၁၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို နိုဝင်ဘာလ (၁၈)ရက် ယနေ့နံနက် (၉)နာရီတွင် လားရှိုးမြို့၊ မြို့တော် ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးတာသိန်းဇော်၊ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဌ ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်မည့်ဝန်ထမ်းများအား တွေ့ဆုံ၊ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၁၇ ။           နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် လျာထားသတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံချက်ကို လုပ်ငန်းကာလ (၁၈) လတာသတ်မှတ်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် လျာထားချက်ပြည့်မီ အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ ဒေသအာဏာပိုင်များနှင့် “ဝ” အထူးဒေသမှ တိုင်းရင်းသား အဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးမှုကြောင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ဝန်ထမ်းများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားကာ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၁၆။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၆) ရက်၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် “ဝ” အထူးဒေသအတွင်း ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများ၏ နိုင်-၄နှင့် အိမ်ထောင်စုလူဦးရေစာရင်းပါ… Read More >>
default-imageနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲတက်ရောက် ဘားအံ၊ နိုဝင်ဘာ ၄         ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။           ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်စာရင်းများမှန်ကန်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘားအံမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ထောက်ပံ့ငွေများ ပေးအပ်။ နေပြည်တော်၊ နိုဝင်ဘာ ၅ ။           နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသား ဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးအတွက် မိမိဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်တွင် အဆင့်(၁)ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ဖာပွန်မြို့နယ်၌သာ အခြေအနေအရ ဆောင်ရွက် ပေးရန် လျာထားချက် အနည်းငယ်သာ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ်ကူးပြောင်းရေးအတွက် မဖြစ်မနေဆောင်ရွက်ကြရေးမှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၉။           ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများအား e-ID စနစ်လုပ်ငန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာအချက်အလက် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၉ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ တက်ရောက်၊ e-ID စနစ်လုပ်ငန်းဆောင်ရွက်ရာတွင် အရေးပါသည့် လုပ်ငန်းဖြစ်သည့်အတွက် အလေးထားမှတ်သားဆောင်ရွက်ကြရန်တိုက်တွန်း။ နေပြည်တော်၊ အောက်တိုဘာ ၃၁။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ်လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခု ဖြစ်သော ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး မြင့်ကြိုင် ၊ e-ID  စနစ်လုပ်ငန်းကော်မတီ၊ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်း အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အဖက်ဖက်ကသုံးသပ်ကာ အကြံပြုဆွေးနွေးရန်တိုက်တွန်း။ နေပြည်တော်၊ အောက်တိုဘာ ၂၈  ။           e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် e-ID စနစ် လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၈) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊ နိုင်ငံတော်၏အနာဂတ်အတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း၊ နေပြည်တော်၊ အောက်တိုဘာ   ၂၇       ။           ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ (၂၇)ရက်၊ ယနေ့နံနက် ၉ နာရီ၄၅မိနစ်က ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။           အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး… Read More >>