default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား။ နေပြည်တော်၊ ဇူလိုင် ၁၃။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြာက်အောင်မြင်ပွဲကို ဇူလိုင်လ ၁၃ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ… Read More >>
default-imageနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား၊ မျိုးဆက်ပွားကျန်းမာရေးကိုမည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာရောက်မည်။ နေပြည်တော်၊ ဇူလိုင် ၁၁။           ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ (၁၁) ရက်၊ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှုကြည့်ရှုအားပေး၊ မင်္ဂလာဒုံနှင့် လှိုင်သာယာ(အရှေ့) မြို့နယ်ဦးစီးမှူးရုံးများ၌ နိုင်-၄ မှတ်တမ်းနှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး။ နေပြည်တော်၊ ဇူလိုင် ၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများလိုက်ပါကာ မဲစာရင်းမှန်ကန်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အထွေထွေရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်းများ၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြောက်ဥက္ကလာပမြို့နယ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအဖွဲ့များမှ တာဝန်ခံများအားတွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၊ဝန်ထမ်းများအား နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြရန်မှာကြား။ နေပြည်တော်၊ မေ ၂၈ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများနှင့်အတူ မေလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ဂေဟာ၊ ဧည့်ခန်းမ၌ ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား လူမျိုးစုအဖွဲ့များဖြစ်ကြသည့် မြို၊သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ရခိုင်လူမျိုးစု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ် များအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ အတွင်းမှီတင်းနေထိုင်ကြသည် တိုင်းရင်းသားအားလုံး၏ အရေးကိစ္စများအား အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကာလသည်လည်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ လုပ်ငန်းအောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်စကားပြောကြား။ နေပြည်တော်၊ မေ ၂၇ ။           နိုင်ငံသားတိုင်း ၎င်းတို့၏နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အစိုးရအဆက်ဆက် စီမံချက်များရေးဆွဲကာ ပြည်သူများအတွက် ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ယခုအခါ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက် ရေးဆွဲကာ နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် မေလ (၂၇) ရက်၊ နံနက် (၁၀) နာရီက စစ်တွေမြို့၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် ၂၀၁၄ သန်းခေါင်စာရင်း၏ အချက်အလက်များကို နှိုင်းယှဉ်လေ့လာပြီး ရရှိပြီးသော လူဦးရေဆုလာဘ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရေး သုံးသပ်တင်ပြရန်ဆွေးနွေး။ နေပြည်တော်၊ မေ ၁၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့်အချက်အလက်များကို နှိုင်းယှဉ်လေ့လာဆွေးနွေးခြင်းကို မေလ ၁၈ ရက်၊ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ကိုယ်တိုင်သိရှိနားလည်ပြီး လက်အောက်သို့ ကြီးကြပ်ကွပ်ကဲ၍ အချင်းချင်း အပြန်အလှန် ဆက်စပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။ နေပြည်တော်၊ မေ ၁၇ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၁၆)ရက် ၊ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့် ၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာ ပြန်လည်ခွင့်ပြုနိုင်ရေး ညှိနှိုင်း အစည်းအဝေးတက်ရောက်၊ နိုင်ငံအတွင်း ဝင်ရောက်လာမည့်သူများ အဆင်ပြေစေရေးအတွက်အဖက်ဖက်က ကြိုတင်မျှော်တွေးဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ မေ ၁၂။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေလ ၁၂ ရက်၊ ယနေ့ မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးခင်ရီ ၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်းကို ပြီးစီးနိုင်သမျှပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။ နေပြည်တော်၊ မေ ၆ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ပြည်တွင်း နည်းပညာ အကြံပေးအဖွဲ့ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့  e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပြည်တွင်းနည်းပညာဆိုင်ရာအကြံပေးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့်… Read More >>
default-imageOnline လျှောက်ထားနိုင်သည့် e-Visa System တွင် Tourist Visa အားထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာချက်   ၁။        လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများ၊လုပ်ငန်း ရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့လာရောက်နိုင်ရန်အတွက်Online e-Visa (Business) လျှောက် ထားမှုလုပ်ငန်းစဉ်အား ၁-၄-၂၀၂၂ ရက်နေ့မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါနိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျှက်ရှိနေပြီဖြစ်ပါသည် ။ ၂။         အလားတူ နိုင်ငံတော်၏ခရီးသွားလုပ်ငန်းကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် e-Visa (Tourist) အမျိုးအစား လျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ၃။       … Read More >>