default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာန (ဘန်ဂလော) နှင့် IIIT Bangalore သို့ သွားရောက်၍ Aadhaar စနစ်နှင့် MOSIP စနစ်တို့၏ နည်းပညာဆိုင်ရာများ လေ့လာညှိနှိုင်းဆွေးနွေး  နေပြည်တော်၊ ဇူလိုင်  ၂၉ ။           အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ဇူလိုင်လ (၂၈)ရက် နံနက်ပိုင်းတွင် ဘန်ဂလောမြို့ရှိ UIDAI ၏ နည်းပညာဗဟိုဌာနသို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး အစည်းအဝေးခန်းမ၌ UIDAI မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Annie Joyce က လာရောက်လေ့လာမှုအတွက် ကြိုဆို ပါကြောင်းနှင့် Aadhaarစနစ်၏… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Aadhaar  Center ဒေသဆိုင်ရာရုံး သို့သွားရောက်၍ ပြည်သူများအား Aadhaar နံပါတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှု့လေ့လာ။  နေပြည်တော်၊ ဇူလိုင်  ၂၇။           အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် လိုက်ပါလျက် ဇူလိုင်လ (၂၆)ရက် နံနက်ပိုင်းက နယူးဒေလီမြို့ရှိ Aadhaar  Center ဒေသဆိုင်ရာရုံးသို့သွားရောက်ရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး လုပ်ငန်းတာဝန်ခံက ဒေသတွင်းရှိ ပြည်သူများအား Aadhaar စနစ်ဖြင့် Enrolment ဆောင်ရွက်နေမှုနှင့် Update လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်အဖွဲ့သည် ဒေသဆိုင်ရာရုံးအတွင်း ဒေသတွင်းပြည်သူများအား Aadhaar… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးလေ့လာရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ၊ နယူးဒေလီမြို့ရှိ UIDAI ရုံးချုပ်သို့ သွားရောက်၍ Aadhaar စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေး  နေပြည်တော်၊ ဇူလိုင် ၂၆။           မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင်လ(၂၄)ရက် နံနက်(၉)နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Nabanita Chakrabarti က လေဆိပ်ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ၍… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာန၏လုပ်ငန်းများအချိန်မီပြီးစီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မှန်ကန်သောအချက်အလက်များဖြစ်စေရေးအတွက် တာဝန်ယူမှု၊တာဝန်ခံမှုဖြင့်အဆင့်ဆင့်ကွပ်ကဲကြပ်မတ်ဆောင်ရွက်ကြရေးမှာကြား။  နေပြည်တော်၊ ဇူလိုင်  ၂၀ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် e-ID Server သို့ အချက်အလက်များ ဖြည့်သွင်းပြင်ဆင်ဖြည့်စွက်သည့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ(၂၀)ရက်၊ ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။           အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးနိုင်‌ရေးဆွေးနွေး။  နေပြည်တော်၊ ဇူလိုင်  ၁၇ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဇူလိုင်လ (၁၇) ရက်၊ ယနေ့နံနက် (၁၀) နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၁၄ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဇူလိုင်လ(၁၄)ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများနှင့် မိသားစုများအား e-ID စနစ်လုပ်ငန်းအတွက်ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု ကြည့်ရှုအားပေး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား နေပြည်တော်၊   ဇူလိုင်   ၅ ။           e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄)ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းဇယားအချက်အလက် လက်ခံမှတ်တမ်းများ စုစည်းသိမ်းဆည်းထားရှိမှု၊ ရုံးခန်းမအတွင်း ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များအား ကွန်ပျူတာ များဖြင့် ဖြည့်သွင်း၍   နေပြည်တော်(ရုံးချုပ်) ရှိ e-ID Sever မှ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာအတူတကွသုံးဆောင်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်။ နေပြည်တော်၊ ဇူလိုင် ၄ ။           ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှု ရှိစေရေး၊ အထက်အောက်အပြန်အလှန် ချစ်ခင် လေးစား ယုံကြည်မှုရှိစေရေးနှင့် ပေးအပ်သည့်တာဝန်များကို အတူတကွ လက်တွဲပူးပေါင်းကာ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၄) ရက်၊ ယနေ့ နံနက် (၁၁)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာကို ထမင်းလက်စုံ သုံးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက် စားရိပ်သာအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ်ဦးစီးမှူး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း e-ID စနစ်လုပ်ငန်းအတွက် ဝန်ထမ်းများနှင့် မိသားစုများ၏ ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု လှည့်လည်ကြည့်ရှုအားပေး၊ ပြည်နယ်/ခရိုင်/မြို့နယ် များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား နေပြည်တော်၊   ဇူလိုင်  ၀၃ ။           e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင် သည် အီလတ်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၃) ရက် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက တက္ကသိုလ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်မိသားစုများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအား ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး၊ ကချင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား တွေ့ဆုံ၍ လုပ်ငန်းများပြီးစီးအောင်မြင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရေး ဆွေးနွေးမှာကြား   နေပြည်တော်၊    ဇူလိုင် ၂ ။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း နှင့် တာဝန်ရှိသူများနှင့် အတူ ဇူလိုင် လ (၂) ရက် ယနေ့နံနက် (၈) နာရီက မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်ရှိ ပြည်ပထွက်ခွာကောင်တာ၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများက ခရီးသည်များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် လူဝင်မှုစစ်ဆေးရေးကောင်တာများ၌ စက်များတပ်ဆင်ထားရှိမှု… Read More >>