default-imageပြည်ထောင်စုဝန်ကြီ ဦးမြင့်ကြိုင်၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုဒဏ်ခံရသည့် စစ်တွေမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးအဆောက်အဦးများ ထိခိုက်ပျက်စီးမှုလှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ မေ ၂၆။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင် သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ မေ လ ၂၆ ရက်၊ ယနေ့ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများသို့ လှည့်လည် သွားရောက်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။ နေပြည်တော်၊ မေ ၁၈ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi အား မေလ (၁၈) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk) မြို့ရှိ နိုင်ငံတကာ လေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းတွင် ရွေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုများအား ကြည့်ရှုလေ့လာ နေပြည်တော်၊ မေလ ၆ ရက်နေ့  ။           ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ(၅)ရက် နံနက်ပိုင်းတွင် မင့်စ်ခ် မြို့ရှိ နိုင်ငံတကာလေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းသို့သွားရောက်ခဲ့ရာ ကျောင်းအုပ်ကြီး Major General Vasilyev Aleksandr Pavlovich နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ခွန်းဆက်သကြပါသည်။ ထို့နောက်ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံ နှင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးမှု တားဆီးရေး ဆိုင်ရာများနှင့်ပတ်သတ်၍ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ၊ နိုင်ငံခြားသားသင်တန်းသား များအတွက်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) မြို့၌  နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ e-ID ကတ် နှင့် Passport အတွင်းသို့ Biometric အချက်အလက် ဖြည့်သွင်းမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုလေ့လာ။ နေပြည်တော် ၊ မေ ၅။           ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ (၄)ရက် နံနက်ပိုင်းတွင်  မင့်စ်ခ်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက် လေ့လာခဲ့ရာ ဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့်  ဘယ်လာရုစ်ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ် ဖွဲ့စည်းထားရှိမှုအခြေအနေ၊ စနစ်အတွက် လိုအပ်သည့် စီမံကွပ်ကဲမှုလုပ်ငန်းစဉ်များ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့၌ ပြည်ထဲရေး ဝန်ကြီးဌာန First Deputy Minister, Major General Nazarenko Yuryi Gennadievich နှင့်တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများဆွေးနွေး၊  အမျိုးသားအီလက်ထရောနစ်ဗဟိုထိန်းချုပ် ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ။ နေပြည်တော်၊ မေ ၄ ။           ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့် အဖွဲ့သည် မေလ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့်ထွက်ခွာခဲ့ရာ မေလ ၂… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း စီမံချက်အား ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး နည်းလမ်းများရှာကြံကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်မှာကြား။ နေပြည်တော်၊ မေ ၂ ။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် သန်းခေါင်စာရင်းယူနစ်များ(Census Units) ဖွဲ့စည်း ခြင်းလုပ်ငန်းစီမံချက်အား တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအား ရှင်းလင်းဆွေးနွေးပွဲကို မေလ (၂) ရက် ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊… Read More >>
default-imageဒုတိယဝန်ကြီးဦးဌေးလှိုင်၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းနှင့် တံတားဦးကျေးရွာများ၌ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေး နေပြည်တော် ၊ ဧပြီလ ၂၆ ။           နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီလ (၂၁) ရက် ၊ ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် ကံသာကျေးရွာ အုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ (၂၆)ရက် မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်တက်ရောက်၍ နှစ်သစ်ဆုတောင်းစကားပြောကြား၊ ဝန်ထမ်းများနှင့်အတူ ပျော်ရွှင်စွာအတာရေသဘင်ပွဲပါဝင်ဆင်နွှဲ နေပြည်တော်၊ ဧပြီ ၇ ။           ၂၀၂၃ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မဟာသင်္ကြန်အကြိုပွဲတော်ကို ဧပြီလ(၇)ရက် ယနေ့ ညနေ(၄)နာရီက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ စုံညီခန်းမဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ၎င်းတို့၏ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်္ကြန်ယိမ်း အကအဖွဲ့များ တက်ရောက်ကြသည်။                                                                                                                       … Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ၏ (၂/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မျက်မြင်စစ်ဆေးရေးအဖွဲ့၏ စစ်ဆေး ပြီးစီးခဲ့သူများအား Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်မည့်အခြေအနေကို စိစစ်သုံးသပ် အကြံပြုဆွေးနွေးကြရန်တိုက်တွန်း။ နေပြည်တော်၊ ဧပြီ ၃ ။           ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လုပ်ငန်း ကော်မတီတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၃) ရက်၊ မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်း။ နေပြည်တော်၊ မတ် ၂၉ ။           ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၂၉)ရက် ယနေ့မွန်းလွဲ(၁)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ… Read More >>