default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်၊ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုလှည့်လည် ကြည့်ရှုအားပေး၍ Container House များ တပ်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် ၂၇ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ(၂၇)ရက်၊ ယနေ့မွန်းလွဲ(၃)နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် သင်တန်းကျောင်းမှ သင်တန်းသားများ တက်ရောက်ကြသည်။           အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းကျောင်းဝန်းသတ်မှတ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မော်လမြိုင်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ရှင်းလင်းမှာကြား နေပြည်တော်၊ ဇွန် ၂၀။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၁၉)ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ လဲလှယ် လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ် ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို သွားရောက်လှည့်လည်ကြည့်ရှုကာ ဒေသခံ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မွန်ပြည်နယ်အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေးနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် ရှင်းလင်းပြောကြား နေပြည်တော်၊ ဇွန် ၁၉ ။           မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ဇွန်လ (၁၉) ရက်၊ ယနေ့နံနက်(၉)နာရီခွဲက မော်လမြိုင်မြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ နှစ်(၃၀) ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်၊ ဌာန၏ ကောင်းမြတ်သော အစဉ်အလာများကို လက်ဆင့်ကမ်း သယ်ဆောင်ရင်း နိုင်ငံနှင့်ပြည်သူကို သစ္စာရှိရှိအလုပ်အကျွေးပြု ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်း ထမ်းဆောင်ကြရန်တိုက်တွန်း။ နေပြည်တော်၊ ဇွန် ၁၅ ။           ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် ပုလဲရတု နှစ်ပတ်လည်နေ့အခမ်းအနားကို ဇွန်လ (၁၅) ရက်၊ ယနေ့ နံနက်(၉)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းမှု လှည့်လည်ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ ဇွန် ၁၂ ။           ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင်ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ ၁၂ ရက်၊ ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)အစည်းအဝေးခန်းမဆောင်(၂)၌ ကျင်းပရာ အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)တက်ရောက်၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မဲစာရင်း မှန်ကန်ရေးသည် အခြေခံအကျဆုံးလုပ်ငန်းများဖြစ်ရာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း နေပြည်တော်၊ ဇွန် ၁၀ ။           မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကို ဇွန်လ (၁၀) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြ သည့် နေပြည်တော်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ မြန်မာ–တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး နေပြည်တော်၊ ဇွန် ၉ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် အဖွဲ့အား ဇွန်လ (၉) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံရသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်မှုနှင့် ရုံးပတ်ဝန်းကျင်၌ ဝန်ထမ်းများ ယာယီနေထိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေး နေပြည်တော်၊ ဇွန် ၄။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၄ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှေ့ရှိ ယာဉ်ရပ်နားနေရာ အဆောက်အဦများ ၌ ငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများ ယာယီနေရာချထားနေထိုင်မှုအခြေအနေများ၊ ရေ၊ မီး၊ မိလ္လာ များစီစဉ်ထားရှိမှု၊ မီးဖိုဆောင်များ တည်ဆောက်စီစဉ်ပေးထားမှုနှင့် Container House များ ရောက်ရှိတပ်ဆင်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား မိုးရာသီ ကာလဖြစ်သည်နှင့်အညီ နေထိုင်သွားလာမှု၊ ချက်ပြုတ်စားသောက်မှုများ အလေးဂရုပြု စနစ်တကျ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံရသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနမှဝန်ထမ်းများ ယာယီနေရာချထားမှုနှင့် Container House များ တပ်ဆင်ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများပေးအပ်၊ မိုးရာသီကာလအတွင်း နေထိုင်စားသောက်မှု ဂရုပြုဆောင်ရွက်ကြရေးမှာကြား နေပြည်တော်၊ မေ ၃၀။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၃၀ ရက်၊ ယနေ့မွန်းလွဲပိုင်း က နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ မဟာဓမ္မပါရမီမိုးကုတ်ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင် ဆရာတော်အားဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်၍ ငလျင်ဒဏ်ခံရသည့် ဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်ခွင့်ပြုမှုအပေါ် သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို အသီးသီးထောက်ပံ့ ပေးအပ် ကာ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီကာ… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံရသည့် ဌာနမှဝန်ထမ်းများ Container Office များဖြင့် ယာယီရုံးများဖွင့်လှစ်ကာ လုပ်ငန်းများဆောင်ရွက်နေမှု လှည့်လည် ကြည့်ရှု၊ ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေးမှာကြားကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေး နေပြည်တော်၊ မေ ၃၀။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန် ရှိသူများနှင့်အတူ မေလ ၂၉ ရက်၊ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း၌ မြေငလျင်ဒဏ်ခံရ သည့် ဌာနမှဝန်ထမ်းများ ယာယီနေထိုင်မှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာ ပျက်စီးမှုအခြေအနေများနှင့် Container House ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား… Read More >>