default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့၌ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲ နှင့်မှတ်တမ်းဌာန(ရန်ကုန်)တို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ နိုင်ငံခြားသားများ၏ ဗီဇာနှင့် နေခွင့် သက်တမ်းကိစ္စရပ်များ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေးနှင့် မှတ်တမ်းများစနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရေးမှာကြား၊ နေပြည်တော်၊ စက်တင်ဘာ ၁၆။           လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၁၅)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ပြည်ပြန်ဝင်နှင့် နေခွင့်ပြု ခြင်းဆိုင်ရာဌာနခွဲသို့သွားရောက်ရာ ဌာနခွဲခန်းမ၌ လုပ်ငန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာဆွေ နှင့်လုပ်ငန်းတာဝန်ခံများက မြန်မာနိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာသက်တမ်းတိုးမြှင့်ရေး အတွက် ဆောင်  ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ သီလဝါဆိပ်ကမ်းနှင့်မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြည်ဝင်ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများဆွေးနွေး၊ လုပ်ငန်းစဉ်များအပေါ်သိရှိလိုသည်များ၊ တွေ့ကြုံရသည့်အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းမေးမြန်းဆွေးနွေးရန်ပြောကြား။ နေပြည်တော်၊ စက်တင်ဘာ ၁၅။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar နှင့် တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ ၁၅ရက်၊ ယနေ့နံနက် ၁၀နာရီက ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပသည့် အိန္ဒိယ-မြန်မာကုန်သည်များအသင်းမှလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံအတွင်းရင်းနှီး မြုပ်နှံထားသည့် အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့တက် ရောက်သည်။           အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရှေးဦးစွာပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာတွင် အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံဖြစ်သည်နှင့်အညီ ရှေးယခင်ကပင်… Read More >>
default-imageဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး။ မန္တလေး ၊ စက်တင်ဘာ ၁၄ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ပင်မစစ်လက်နက်ပစ္စည်းတပ် အစည်းအဝေးခန်းမ၌ အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု၊ ဓာတ်ပုံရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။           ထို့နောက် မဟာအောင်မြေမြို့နယ်ရုံး၌ EID စနစ်ရိုက်သွင်းနေမှု၊ Online စနစ်ဖြင့်… Read More >>
default-imageဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ။ မန္တလေး ၊ စက်တင်ဘာ ၁၃ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီးလေဆိပ်ရှိလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများနှင့်တွေ့ဆုံသည်။           တွေ့ဆုံစဉ် ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ထိတွေ့ရာတွင် ဆက်ဆံရေးကောင်းမွန်ပြေပြစ်ရေး၊ လုံခြုံရေးကောင်းမွန်ရေး၊ ID နှင့်ပတ်သက်သည့်နည်းပညာများလေ့လာရေး၊ဘာသာစကားနှင့်ပတ်သက်ပြီကျွမ်းကျင်မှုရှိစေရေအမြဲလေ့လာရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးပြောကြားသည်။           ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ကြည်နှင့် တာဝန်ရှိသူများကလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။           ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းရှိ ပြည်ပထွက်ခွာကောင်တာ၊ ပြည်ပဆိုက်ရောက်ကောင်တာ၊ ဒေတာစင်တာခန်းနှင့် ဆိုက်ရောက်ပြီး ထုတ်ပေးရေးဗီဇာရုံးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ မြန်မာ-နီပေါ နှစ်နိုင်ငံပြည်သူများ လာရောက်လည်ပတ် နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၁၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား စက်တင်ဘာလ (၁၃) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၅။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstumpနှင့်အဖွဲ့အား စက်တင်ဘာလ(၅)ရက်၊ ယနေ့နံနက် (၁၁) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်… Read More >>
default-imageဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ e-ID  Server သို့ အချက်အလက်များဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီအမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန်မှာကြား  နေပြည်တော်၊ ဩဂုတ် ၂၅ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး ရှိ မြို့နယ်ဦးစီးမှူးရုံးများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များအား e-ID Server သို့ အချက်အလက် များ ဖြည့်သွင်းရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ(၂၅)ရက်၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာ ဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်… Read More >>
default-imageနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် အမှာစကား ပြောကြား နေပြည်တော်၊ ဩဂုတ် ၂၂           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှစကားပြောကြား သည်။           အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဉက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ နိုင်ငံတော်၏လိုအပ်ချက်အရ ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် လက်ငင်းဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများ မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြား  နေပြည်တော်၊ ဩဂုတ် ၁၅ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ အဂတိတရားကင်းစင်ပြီး ပြည်သူကယုံကြည်ကိုးစားသည့် ဝန်ထမ်းများအဖြစ် ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးရှင်းလင်းမှာကြား  နေပြည်တော်၊ ဩဂုတ် ၁၁ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စာမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်၊ ယနေ့နံနက် (၁၀) နာရီ က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်.ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး… Read More >>