default-imageNational Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း၊ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းညိှနှိုင်း အစည်းအဝေးတက်ရောက်၊ e-Government ဆိုသည်မှာ ထိရောက်မြန်ဆန် လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကိုဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်းပြောကြား။ နေပြည်တော်၊ အောက်တိုဘာ ၆ ။ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်လုပ်ငန်းညိှနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။           အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး၊ မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ပေးနိုင်ပါရန် ဒေသခံပြည်သူများအား တိုက်တွန်းပြောကြား၊ နေပြည်တော်၊ အောက်တိုဘာ ၁။ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ (၁)ရက်၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်  နေပြည်တော်ကောင်စီနယ်‌မြေ သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်းကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သော စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၂၇။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့် အဖွဲ့အား စက်တင်ဘာလ (၂၇) ရက်၊ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။           ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ရွှေလီနှင့်မူဆယ် နယ်စပ် စစ်ဆေးရေးဂိတ်များအား လှည့်လည်ကြည့်ရှု၊ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၂၄။           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong နှင့် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၇ နာရီခွဲတွင်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နယ်၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍ China Resident ID ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်များအား လှည့်လည်ကြည်ရူလေ့လာ။ နေပြည်တော်၊ စက်တင်ဘာ ၂၃။           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ စက်တင်ဘာလ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နယ်၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ရာ အဆိုပါရဲတပ်ဖွဲ့စခန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးနှင့် ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၂၂။           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၉ နာရီခွဲတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Zhong Wei Horizon ဟိုတယ်အစည်းအဝေး ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်နိုင်ငံ လဲ့ယွင်းဂန်မြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဌာနဝန်ကြီးနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၂၁။           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက် နံနက် ၉ နာရီတွင် ကျန်းစုပြည်နယ်၊ လဲ့ယွင်းဂန်(Lianyungang)မြို့၊ Lianyung New City Hotel ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာပြည်သူ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (The 2023 Conference of Global Public… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာ ကုမ္ပဏီသို့သွားရောက်လေ့လာ၊ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပြည်ဝင်/ပြည်ထွက်နှင့် နိုင်ငံခြားသားများစီမံခန့်ခွဲရေးဌာန တို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှု။ နေပြည်တော်၊ စက်တင်ဘာ ၂၀။           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၈ ရက်၊ ညနေပိုင်းတွင် ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) သို့ရောက်ရှိရာ ကုမ္ပဏီဥက္ကဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာ ဆိုင်ရာထုတ်ကုန်များအခြေအနေနှင့်စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူနိုင်သည့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ်လုပ်ငန်း ဆောင်ရွက် မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် တရုတ် နိုင်ငံသို့ထွက်ခွာ၊ NIA ဌာန၏ ဒုတိယဝန်ကြီးအား တွေ့ဆုံဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၁၉။           တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ်လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီမိနစ် ၄၀ က… Read More >>
default-imageဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲတက်ရောက်၊ သန်းခေါင်စာရင်းမေးခန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်စေရေး လေ့လာကြိုးစားသင်ယူကြရန်မှာကြား။ နေပြည်တော်၊ စက်တင်ဘာ ၁၈။           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၈ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နှင့်တာဝန်ရှိသူများ၊သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များတက်ရောက်ကြသည်။           အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က အမှာစကားပြောကြားရာ တွင်… Read More >>