ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်၊ လိုအပ်ချက်များအပေါ် အကောင်းဆုံးအဖြေရှာဆောင်ရွက်သွားကြရန် မှာကြား။ နေပြည်တော်၊ စက်တင်ဘာ ၂၈ ။ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၈ ရက်၊ ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသိန်းစိုးနှင့် ဦးမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကလောခရိုင် ဦးစီးမှူးရုံး အဆောက်အဦနှင့် ရုံးဖွင့်လှစ် ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၌ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး။ နေပြည်တော်၊ စက်တင်ဘာ ၂၇ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း နှင့် တာဝန် ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၇ ရက်၊ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ရုံးခန်းမ၌ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား တွေ့ဆုံရာ ရှေးဦးစွာ ကလော ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းက ခရိုင်ရုံးအား မြို့နယ်ရုံးဝန်းအတွင်း ဆောင်ရွက်ဖွင့်လှစ်ထားရှိမှု၊… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera အားလက်ခံတွေ့ဆုံ၊ ICRC ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီပေးနိုင်မည့်အခြေအနေများဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၂၂ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera နှင့်အဖွဲ့အား စက်တင်ဘာလ (၂၂) ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးညှိနှိုင်းဆွေးနွေး။ နေပြည်တော်၊ စက်တင်ဘာ ၁၉ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (Office of The United Nations High Commissioner for Refugees – UNHCR) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူး Mr.Indrika Ratwatte နှင့်အဖွဲ့အား စက်တင်ဘာလ (၁၉) ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပန်းခင်းစီမံချက် (၁/၂) နှင့် မဲစာရင်းမှန်ကန်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ နိုင်-၄ နှင့် ပုံစံ (၆၆/၆) ပါ အချက်အလက်များမှန်ကန်စွာ ဖြည့်သွင်းပြီးစီးပါက မှန်ကန်သော မဲစာရင်းများကို ပြုစုရရှိနိုင်မည်ဖြစ်ကြောင်းပြောကြား။ နေပြည်တော်၊ စက်တင်ဘာ ၉။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ယူပြီး သက်ဆိုင်ရာ အာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ နိုင်ငံတော်စီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိ သည့် ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့် (၂) အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မြို့နယ်ဦးစီးမှူးရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) အခြေအနေများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား သက်ဆိုင်ရာဒေသများမှ ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများအားတွေ့ဆုံမှာကြား။ နေပြည်တော်၊ ဩဂုတ် ၁၈။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက်ရောက်ပြီး ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများအား ဩဂုတ် လ (၁၇) ရက် ၊ မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ အရာထမ်းများနှင့် ဦးစီးအရာရှိများက တစ်ဦးချင်း… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ၊ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။ နေပြည်တော်၊ ဩဂုတ် ၁၂ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား ဩဂုတ်လ (၁၂) ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်၌ ဖွင့်လှစ်သည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်း နှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်းနည်းပြသင်တန်းမှ သင်တန်းသားများအားတွေ့ဆုံ၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ ဇူလိုင် ၃၁ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ တာဝန်ရှိသူ များနှင့်အတူ ဇူလိုင်လ (၃၁)ရက် ယနေ့နံနက် (၉)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ် လျက်ရှိသည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း နည်းပြ သင်တန်း၌ တတ်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် သင်တန်းသား အရာရှိများအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ သင်တန်းတာဝန်ခံ… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးမြို့၌ မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရန် လိုအပ်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြား။ နေပြည်တော်၊ ဇူလိုင် ၂၇ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ ဆက်စပ်ဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များက မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) ပါ အချက်အလက်များအား… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းပုံစံ (၁) များအား Scanner ဖြင့် ဖတ်ရှုမှုနှင့် အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) ပါအချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု အားပေး။ နေပြည်တော်၊ ဇူလိုင် ၂၆ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းခန်းသို့ရောက်ရှိရာ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက မှတ်တမ်းခန်းများ၌ လူတစ်ဦးချင်းစီ၏ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးအချက်အလက်မှတ်တမ်း ပုံစံ (၁) များ ထိန်းသိမ်း ထားရှိမှု၊… Read More >>