ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား တွေ့ဆုံ၊ e-ID စနစ်လုပ်ငန်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးကူညီပေးနိုင်ရေးဆွေးနွေး။ နေပြည်တော်၊ ဇူလိုင် ၂၅ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား ဇူလိုင်လ (၂၅) ရက်၊ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန… Read More >>
ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး သုံးသပ်ဆောင်ရွက်။ နေပြည်တော်၊ ဇူလိုင် ၂၁။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇူလိုင်လ(၂၁)ရက်၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဗဟိုကော်မတီဝင် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းလွင်နှင့် ဗဟိုကော်မတီဝင်များ၊… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နောင်ကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နိုင်ငံတော်စီမံချက်များဖြစ်သည်နှင့်အညီအားလုံးကလုပ်ငန်း၏ အရေးပါမှုကို သိရှိနားလည်ထားကြရေးမှာကြား။ နေပြည်တော်၊ ဇူလိုင် ၁၅ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ … Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား ဂုဏ်ပြုအမှာစကားပြောကြား၊ ဝန်ထမ်းများနှင့်တွေ့ဆုံ။ နေပြည်တော်၊ ဇူလှိုင် ၁၄။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၁၃) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆိုရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပန်းခင်းစီမံချက်ကိုသတ်မှတ်ကာလ အတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင် ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ယခုနိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု ဖြင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များ အပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဌာနမြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့်… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲတက်ရောက်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား။ နေပြည်တော်၊ ဇူလိုင် ၁၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်း စီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြာက်အောင်မြင်ပွဲကို ဇူလိုင်လ ၁၃ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ… Read More >>
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား၊ မျိုးဆက်ပွားကျန်းမာရေးကိုမည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာရောက်မည်။ နေပြည်တော်၊ ဇူလိုင် ၁၁။ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ (၁၁) ရက်၊ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင် စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှုကြည့်ရှုအားပေး၊ မင်္ဂလာဒုံနှင့် လှိုင်သာယာ(အရှေ့) မြို့နယ်ဦးစီးမှူးရုံးများ၌ နိုင်-၄ မှတ်တမ်းနှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး။ နေပြည်တော်၊ ဇူလိုင် ၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများလိုက်ပါကာ မဲစာရင်းမှန်ကန်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အထွေထွေရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြောက်ဥက္ကလာပမြို့နယ်… Read More >>
ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအဖွဲ့များမှ တာဝန်ခံများအားတွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၊ဝန်ထမ်းများအား နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြရန်မှာကြား။ နေပြည်တော်၊ မေ ၂၈ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများနှင့်အတူ မေလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ဂေဟာ၊ ဧည့်ခန်းမ၌ ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား လူမျိုးစုအဖွဲ့များဖြစ်ကြသည့် မြို၊သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ရခိုင်လူမျိုးစု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ် များအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ အတွင်းမှီတင်းနေထိုင်ကြသည် တိုင်းရင်းသားအားလုံး၏ အရေးကိစ္စများအား အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကာလသည်လည်း… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်၊ လုပ်ငန်းအောင်မြင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးအား ကျေးဇူးတင်စကားပြောကြား။ နေပြည်တော်၊ မေ ၂၇ ။ နိုင်ငံသားတိုင်း ၎င်းတို့၏နိုင်ငံသားဖြစ်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အစိုးရအဆက်ဆက် စီမံချက်များရေးဆွဲကာ ပြည်သူများအတွက် ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ယခုအခါ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးတို့အတွက် ပန်းခင်းစီမံချက် ရေးဆွဲကာ နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် မေလ (၂၇) ရက်၊ နံနက် (၁၀) နာရီက စစ်တွေမြို့၊… Read More >>
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုနှင့် ၂၀၁၄ သန်းခေါင်စာရင်း၏ အချက်အလက်များကို နှိုင်းယှဉ်လေ့လာပြီး ရရှိပြီးသော လူဦးရေဆုလာဘ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရေး သုံးသပ်တင်ပြရန်ဆွေးနွေး။ နေပြည်တော်၊ မေ ၁၈ ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့်အချက်အလက်များကို နှိုင်းယှဉ်လေ့လာဆွေးနွေးခြင်းကို မေလ ၁၈ ရက်၊ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊… Read More >>