default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် အစည်းအဝေးသို့တက်ရောက်၍ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အသိစိတ်ဓာတ်အပြည့်ဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိရှိ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။ နေပြည်တော်၊ ဇန်နဝါရီ ၂၀ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဇန်နဝါရီလ ၂၀ ရက်၊ ယနေ့ မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများအား တွေ့ဆုံမှာကြားသည့် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။ အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊  ထားဝယ်ခရိုင်၊ ထားဝယ်၊လောင်းလုံ၊သရက်ချောင်းနှင့် ရေဖြူမြို့နယ် များအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး တိုက်တွန်း ပြောကြား။ နေပြည်တော်၊ ဇန်နဝါရီလ ၁၃ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ကိုနှင့်တာဝန်ရှိသူများ နှင့်အတူ ဇန်နဝါရီလ(၁၃)ရက်၊ မွန်းလွဲ(၃)နာရီခွဲတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များအတွင်း ပန်းခင်း စီမံချက်ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့တက်ရောက်သည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံအတွင်း… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြား။ နေပြည်တော်၊ ဇန်နဝါရီလ ၁၂ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၁ ရက်၊ မွန်းလွှဲ (၁) နာရီ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးသူများ၏ ကိုယ်ရေး အချက်အလက်များအား Digital စနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် နေပြည်တော်ရှိ ရုံးချုပ်နှင့်… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့် မြို့(၁၃)မြို့ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ် တက်ရောက် ၊ မြို့နယ်ရုံးဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်မှု ကြည့်ရှုအားပေး။ နေပြည်တော်၊ ဇန်နဝါရီလ ၉ ။ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ပြီးစီးသည့်မြို့နယ်အလိုက် မြို့(၁၃) မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ (၉) ရက်၊ ယနေ့မွန်းလွှဲ(၂) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ကောင်းမွန်သည့်အတွေ့အကြုံများကို အသိအမြင်ဖလှယ်၍ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။ နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၁၆) ရက်၊ ယနေ့ နံနက် (၉) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှု ကြည့်ရှု့ အားပေး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်အောင်မြင်ရေး  ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန်မှာကြား။ နေပြည်တော်၊ ဒီဇင်ဘာ  ၁၁ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်၊ ယနေ့နံနက် (၉) နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် ၊ အနော်ရထာ ရပ်ကွက်ရှိ မဟာဗောဓိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲသို့တက်ရောက်၊ နိုင်ငံတော်မှ အားထားရသည့် ရွှေတံခါးမှူးများပီပီ ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန် များကို ဦးလည်မသုန်တက်ညီလက်ညီ ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းမှာကြား။ နေပြည်တော်၊ ဒီဇင်ဘာ  ၇ ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာလ(၇)ရက်၊   မွန်းလွဲ(၂) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများ၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအနက် နေပြည်တော်ရုံးချုပ်မှ ဝန်ထမ်းသစ်(၁၃၆) ဦးတို့ တက်ရောက်ကြသည်။ အစီအစဉ်အရ ရှေးဦးစွာ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပျဉ်းမနားမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်၊ စီမံချက်အောင်မြင်ရေးအတွက် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးရန်တိုက်တွန်းမှာကြား။ နေပြည်တော်၊ ဒီဇင်ဘာ ၄ ။           ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်း ရှိဒေသခံပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၆၃) စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၂၁၂၃) ကတ် ပေးအပ်ပွဲကို ဒီဇင်ဘာ ၄ ရက် ၊ ယနေ့နံနက် (၁၀) နာရီတွင် ပျဉ်းမနားမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်နှင့် မန္တလေးတို့ရှိ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအား တွေ့ဆုံမိတ်ဆက်၊ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်း၍ ပြည်သူများပိုမိုသိရှိစေရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးရန် တိုက်တွန်း။ နေပြည်တော်၊ နိုဝင်ဘာ ၁၀ ။           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာများအား တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းကို နိုဝင်ဘာလ ၁၀ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများ ၊ နိုင်ငံပိုင်မီဒီယာများအပါအဝင် နေပြည်တော်နှင့် မန္တလေးတို့ရှိ… Read More >>
default-imageပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ နယ်မြေဒေသအလိုက် ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှ ရည်မှန်းချက်အောင်မြင်ရေးအတွက် မဖြစ်မနေ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။ နေပြည်တော်၊ နိုဝင်ဘာ ၁၂ ။           မြန်မာနိုင်ငံသားများဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေ နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်း ဖြစ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်၊ ၅ ရက်၊ ၉ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန… Read More >>